BEC-TERO TV

အက်ဆစ်ဖြင့်ပက်ခံရသဖြင့် အိမ်ဖော်မိန်းကလေး မျက်လုံးနှင့် မျက်နှာတစ်ခြမ်းပျက်ဆီး

05 Mar 2018     1,375 Views


မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေသော မိန်းကလေးကို အိမ်ရှင်ဖြစ်သူများမှ အက်ဆစ်ဖြင့် ပက်ခဲ့သဖြင့် မျက်နှာတစ်ခြမ်းဒဏ်ရာရရှိခဲ့ပြီး မျက်လုံးတစ်ဖက် ပျက်ဆီးခဲ့ရသဖြင့် ကျူးလွန်သူများအား အမှုဖွင့်အရေးယူထားသည်။

အမှတ်(၁၁)လူကုန်ကူးမှု တာဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(မန္တလေး) မှ ရရှိသော သတင်းအရ လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က အမျိုးသမီးရေးရာအတွင်းရေးမှူး၏ သတင်းပေးချက်အရ လုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် သွားရောက်ခဲ့ရာ အက်ဆစ်ပက်ခံထားရသော မိန်းကလေးကို တွေ့ရှိခဲ့ပြီး ကြောက်ရွံ့ထိတ်လန့်လျှက်ရှိကာ အစားပင် မစားနိုင်သော အခြေရှိနေသည်။

ဖြစ်စဉ်ကို မေးမြန်းခဲ့ရာ၂၀၀၈ ခုနှစ်တုန်းက အသက် ၁၄ နှစ်အရွယ်သာရှိသေးသော အဆိုပါမိန်းကလေးကို ကုန်စုံဆိုင်တွင် အလုပ်လုပ်ရန် တစ်လ ကျပ်တစ်သောင်းဖြင့် ရွာငံမြို့နယ်မှ အိမ်ရှင် ဒေါ်မို့မို့က ခေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါ အသက် ၂၄ နှစ် ရှိပြီဖြစ်သော အဆိုပါမိန်းကလေးအား၂၀၁၀ ခုနှစ်တွင် ဒေါ်မို့မို့နှင့် မနီနီနုနွယ် တို့က အက်ဆစ်ဖြင့် ပက်ခဲ့သဖြင့် ဘယ်ဘက်မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ကာ ဘယ်ဘက်မျက်လုံးလည်း ကွယ်ခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပက်သက်ပြီး အောင်ပင်လယ်ရဲစခန်းတွင် လူကုန်ကူးမှုတာဆီးကာကွယ်ရေး ဥပဒေပုဒ်မ၂၄ ။ ၃၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးသတင်းတွင် ဖော်ပြထားသည်။
 


05 Mar 2018     1,375 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS