BEC-TERO TV

ကားတိုက်ခံရပြီး သေသွားတဲ့ မျောက်မကြီးရဲ့ ကိုယ်ဝန်မှ မျောက်ကလေးကိုမွေးဖွား

12 Mar 2018     1,404 Views


ထိုင်းနိုင်ငံတွင် ကိုယ်ဝန်အရင့်အမာကြီးဖြစ်နေသော မျောက်မကြီးတစ်ကောင် ကားတိုက်ခံရပြီး သေဆုံးခဲ့ချိန်တွင် ဗိုက်ထဲမှ မျောက်သားလေးအား တိရိစ္ဆာအစာရောင်းချတဲ့ လမ်းဘေးဈေးသည် အမျိုးသမီးတစ်ဦးမှ နေရာတွင်ပင် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့မှုကြောင့် မျောက်သားလေးအသက်ရှင်ခွင့်ရခဲ့သည်။


ထိုင်းနိုင်ငံရှိ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသော Wat Khao No ဘုန်းကြီးကျောင်း အနီးတွင် မျောက်များလည်း နေထိုင်လျှက်ရှိပြီး မျောက်စာရောင်းသူများနဲ့ စည်ကားသောနေရာတစ်ခုဖြစ်သည်။

အသက် ၃၆ နှစ်အရွယ် ဖတ်ထမာ ဆိုသူအမျိုးသမီးက ထိုဘုန်းကြီးကျောင်းအနီးတွင် မျောက်စာရောင်းချသူဖြစ်သည်။ တစ်ရက်သူအလုပ်လုပ်နေစဉ် ကိုယ်ဝန်ကြီးနဲ့ မျောက်မတစ်ကောင်းကားတိုက်ခံလိုက်ရသည်ကို မြင်တွေ့ခဲ့ရပြီးနောက် သူမက အချိန်ဆိုင်းမနေပဲ ဗိုက်ထဲက မျောက်ကလေး၏ အသက်ကို ကယ်တင်ခဲ့သည်။

တစ်ကယ်တော့ သူမအနေနဲ့ ဆေးပညာနဲ့ပက်သက်ပြီး သင်တန်းတက်ဖူးခြင်းလည်း မရှိပါဘူး ဒါပေမယ့် သူမက ဓါးတစ်ချောင်းကိုယူကာ သေပြီဖြစ်တဲ့ မျောက်မကြီးရဲ့ ဗိုက်ကို လမ်းဘေးနေရာတင် ခွဲကာ မျောက်သားလေးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။

ကျွန်မအဲ့ဒီအချိန်မှာ တွေးမိတာက ဒီတိုင်းသာထားလိုက်ရင် ဗိုက်ထဲမှာတင် မျောက်သားလေးသေသွားလိမ့်မယ်လို့ တွေးမိပြီး ချက်ခြင်းလုပ်လိုက်တာပါ” ဟု ပြောဆိုခဲ့ပါတယ်။

မွေးလာတဲ့မျောက်လေးကို သူကိုယ်တိုင် မွေးခဲ့ပြီး ဆေးထိုးပြွတ်နဲ့နို့တိုက်ကျွေးမွေကာ သူမသွားတဲ့နေရာတိုင်းကို ခေါ်သွားပြီး ကလေးတစ်ယောက်လို အိပ်ယာတစ်ခုထဲမှာတင် အိပ်စက်ကြောင်း ပြောဆိုခဲ့သည်။
 


12 Mar 2018     1,404 Views




RELATED

Most Popular of Special or Others

Most Popular of NEWS