BEC-TERO TV

သိပ္ပံပညာရှင်ဟောကင်း အောက်မေ့ဖွယ်ရာပုံတင်မိလို့ ပြစ်တင်ရှုံ့ချခံခဲ့ရတဲ့ “နေမာ”

15 Mar 2018     1,461 Views


ကမ္ဘာ့ထိပ်တန်း ကြေးအကြီးဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ “နေမာ” ဟာ မတ်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့က ကွာ်လွန်သွားတဲ့ သိပ္ပံပညာရှင် စတက်ဖန်ဟောကင်းကို အောက်မေ့ဖွယ် အဖြစ် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဓါတ်ပုံတစ်ပုံကို သူ့ရဲ့ တွစ်တာပေါ်တင်ခဲ့ရာ ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခံခဲ့ရသည်။

ဘောင်းဘီတိုသာ ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး တက်တူးအပြည့်နဲ့ ဘီးတက်ကုလားထိုင်ပေါ်ထိုင်ကာ ရယ်ကျဲကျဲလုပ်နေတဲ့ ပုံကို စတက်ဖန်ဟောကင်းရဲ့ အဆိုအမိန့်တစ်ခုဖြစ်တဲ့ “One has to have a positive attitude and must make the best of the situation that one finds oneself in.” နဲ့ တွဲတင်ထားခဲ့တာဖြစ်ပါတယ်။

“နေမာ”ဟာ ပဲရစ် စိန့်ဂျာမိန်းအတွက် ကစားပေးရင်း ညာဖက်ခြေဖျားဒဏ်ရာရခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်ခန့် ဘီးတပ်ကုလားထိုင်ပေါ်မှာ နေရဦးမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဘဝရဲ့အချိန်တော်တော်များများကို ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ နေသွားရင်း လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်သွားတဲ့ သိပ္ပံပညာရှင် စတက်ဖန်ဟောကင်း တစ်ယောက် အသက် (၇၆) နှစ်မှာ ကွယ်လွန်ချိန်နဲ့ တိုက်ဆိုင်သွားပြီး “နေမာ”က ခါတော်မီ အောက်မေ့ဖွယ် လုပ်လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်သူတင်လိုက်တဲ့ ပုံဟာ အောက်မေ့ဖွယ်ဆိုတာထက် မလေးမခန့်လုပ်ရာကျနေတဲ့အတွက် အားလုံးက ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ တစ်ချို့ကဆိုရင် “လူ့ကျင့်ဝတ်မရှိတဲ့ကောင်၊ သိက္ခာမရှိတဲ့ကောင်၊ သနားဂရုဏာကင်းတဲ့ကောင် သူပိုင်ဆိုင်သမျှအားလုံး ဆုံးရှုံးမွဲတေသွားပါစေ” လို့ ဆိုတဲ့ထိ ပြစ်တင်​ဝေဖန်ခဲ့ပါတယ်။

“နေမာ” ဟာ အသက် ၂၆ နှစ်သာရှိသေးပြီး ဘာစီလိုနာအသင်းကနေ ပဲရစ်စိန့်ဂျာမိန်းအသင်းကို ပြောင်းရွေ့ကြေး အမေရိကန်ဒေါ်လာ ၂၆၄ သန်းနဲ့ ပြီးခဲ့တဲ့ သြဂုတ်လက ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။


15 Mar 2018     1,461 Views




RELATED

Most Popular of Football

Most Popular of NEWS