BEC-TERO TV

တစ်လောကလုံးမှာ အလှဆုံးဖြစ်နေတဲ့ စန္ဒီမြင့်လွင်

15 Mar 2018     1,558 Views


ဒီးဒီလို့အများကသိကြတဲ့ Rapper အဆိုတော်မလေး စန္ဒီမြင့်လွင်တစ်ယောက်ကတော့ သူမရဲ့ချစ်သူ ကိုသီဟလွင်နဲ့ ရွှေလက်တွဲသွားပြီဖြစ်ပါတယ်။ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပြီး၊ မတ်လ ၁၀ ရက်နေ့မှာတော့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ပြုလုပ်ခဲ့ကြပါတယ်။ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲကို မတ်လ ၁၁ ရက်နေ့တွင် Novotel Hotel မှာပြုလုပ်ခဲ့ပြီး၊ မတ်လ ၁၂ ရက်နေ့မှာ Crystal Ballroom, Lotte Hotel & Resort တွင် Wedding Dinner ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 

Wedding Dinner ပွဲနေ့မှာတော့ ရွှေအိုရောင် ၀တ်စုံလေးနဲ့ အဖြူရောင်ဂါဝန်လေး နှစ်စုံကို ၀တ်ဆင်ခဲ့ပါတယ်။ ခမ်းနားလှပလွန်းတဲ့ အဖြူရောင်ဂါဝန်လေးကတာ့ ဖက်ရှင်ဒီဇိုင်နာ မပုံ့ရဲ့လက်ရာလေးဖြစ်ပါတယ်။ ဒီဇိုင်နာ မပုံ့ရဲ့လှပလွန်းတဲ့လက်ရာကြောင့် ဒီးဒီတစ်ယောက် တစ်လောကလုံးမှာ အလှဆုံးသတို့သမီးလေးဖြစ်လို့နေပါတယ်။ 

“တီပုံ့ရဲ့သတို့သမီးဝတ်စုံလေးပါ ဘယ်လောက်ခမ်းနားလဲကြည့်ကြပါဦး၊အဲ့ဝတ်စုံဝတ်ပီးကိုယ်ဆိုတာမြောက်ကြွမြောက်ကြွနဲ့ တစ်ခါမှကိုယ့်ကိုယ်ကိုလှတယ်လို့(ဂါဝန်)ဝတ်ရင်မခံစားဘူးတဲ့သူက၊အဲ့နေ့ကစိတ်ထဲမှာတလောကလုံးငါသာအလှဆုံးလို့ ထင်မိတာတကယ်ပါ” ဆိုပြီး သူမရဲ့ facebook စာမျက်နှာမှာလဲ ရေးသားထားပါတယ်။ 

 


15 Mar 2018     1,558 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment