BEC-TERO TV

မြို့အလှရှုခင်းများကိုကြည့်ရှုနိုင်ရန် အမိုးဖွင့်ဘတ်စ်ကားများ မကြာမီပြေးဆွဲမည်

19 Mar 2018     1,298 Views


မြန်မာနိုင်ငံတွင် မြို့အလှရှုခင်းများကို လွပ်လပ်စွာခံစားကြည့်ရှုနိုင်မည့် အမိုးဖွင့်ဘတ်စ်ကားများကို ပြေးဆွဲသွားရန်စီစဉ်ထားကြောင်း မင်္ဂလာဘတ်စ်လုပ်ငန်းစု မတ်လ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အသိပေးခဲ့သည်။

ရှော့လာမည့်အပတ်တွင် စမ်းသပ်မောင်နှင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အမှန်တစ်ကယ်ပြေးဆွဲမှုကို အောက်တိုဘာလတွင် စတင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်၊ မန္တလေး၊ ပုဂံတို့မှာ ပြေးဆွဲသွားရန် စီစဉ်ထားသော်လည်း ကနဦးပြေးဆြွမှဒအဖြစ် ရန်ကုန်မြို့တွင် စတင်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး နေထွက်နေဝင် ရှုခင်းများကို ကြည့်ရှုနိုင်ရန် ခရီးစဉ်ကို နံနက် ၇ နာရီနှင့် ညနေ ၅နာရီ နှစ်ချိန် ပြေးဆွဲသွားမည်ဖြစ်သည်။
နံနက်ပိုင်းခရီးစဉ်တွင် မြို့တော်ခန်းမရှေ့မှ ကမ်းနားလမ်းတစ်လျှောက် ကိုလိုနီအဆောက်အဦများ အနီးမှ ဖြတ်သန်းမောင်းနှင်ကာ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်မှာရှိတဲ့ ပန်းတဉ်းလုပ်ငန်းတွေကို လေ့လာပြီး စမ်းချောင်းမြို့နယ်က ဟံသာဝတီစစ်သင်္ချိုင်း၊ ဘာဝနာတရားစခန်း၊ ဒေါ်ဉာဏစာရီ သီလရှင်ဆရာလေး ကျောင်းတို့ကို လေ့လာကာမြို့ထဲသို့ပြန်
မောင်း၍ ခရီးစဉ်ပြီးဆုံးမှာ ဖြစ်သည်။

ညနေပိုင်း ခရီးစဉ်တွင်မြို့တော်ခန်းမရှေ့မှ ဗိုလ်တထောင်ဘုရားဘက်သို့မောင်းနှင်ကာ ရွှေတိဂုံ စေတီတော်သို့သွားပြီး ကန်တော်ကြီးတွင် လေ့လာအပန်းဖြေ၍ ကမ်းနားလမ်း
ညဈေးတန်းသို့ သွားကာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိမှာတော့ တစ်စီးလျှင် ခရီးသည် ၂၅ ဦး လိုက်ပါနိုင်မည့် အမိုးပွင့်ဘတ်စ်အသစ် ၅ စီးဖြင့် စတင်စီစဉ်နေပြီး ဘတ်စ်ကားပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းပြောပြနိုင်မည့် ဧည့်လမ်းညွှန်လည်း ပါဝင်မည်ဖြစ်သည်။ ဘတ်စ်ကားလက်မှတ်ဈေးနှုန်းများကို ထပ်မံ၍ ကြောညာသွာမည်ဖြစ်ကြောင်း သိရှိရသည်။

 


19 Mar 2018     1,298 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS