BEC-TERO TV

နားကြပ်တွေက သင့်ရဲ့အကြားအာရုံကို ထိခိုက်စေနိုင်တာ သိပါရဲ့လား..?

20 Mar 2018     3,122 Views


လူတိုင်း စမတ်ဖုန်းတွေကိုင်လာတဲ့အချိန်မှာ လမ်းလျှောက်ရင်းဖြစ်ဖြစ်၊ ဘတ်စ်ကားပေါ် နေရာရလို့ပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါတွေဖြစ်ဖြစ် လူကြီးလူငယ်အတော်များများ နားမှာနားကြပ်လေးတွေ တပ်ပြီး သီချင်းနားထောင် ရုပ်ရှင်ကြည့်ရင်း သွားလာလှုပ်ရှားနေကြရတဲ့ မြင်ကွင်းက ယနေ့ခေတ်မှာ အဆန်းကြီးမဟုတ်တော့။
ဒါပေမယ့် အဲဒီနားကြပ်တွေက အချိန်ကြာလာတာနဲ့အမျှ အကြားအာရုံ ပျက်ဆီးလာတတ်တာကို တစ်ကယ်လက်ခံ သိရှိတဲ့လူက နည်းပါတယ်။

နားကြပ်တွေက လူရဲ့အကြားအာရုံကို ဘာကြောင့်ဘယ်လို ထိခိုက်စေရတာလဲ..?

နားကြပ်ကိုတပ်လိုက်တဲ့အခါ နားကြပ်စပီကာပေါက်ကနဲ့ နားစည်နဲ့က အနီးဆုံးနေရာကို ရောက်သွားပါတယ်၊ အဲဒီလိုအချိန်မှာ အရမ်းကျယ်လောင်တဲ့ အသံတွေဟာ နားအတွင်းလှိုဏ်ကို ဖြတ်ပြီး နားစည်ကို ရိုက်ခတ်ပါတယ်။ တစ်ပြိုင်ထဲမှာ ထုတ်လွှတ်လိုက်တဲ့ အသံလှိုင်းတွေက နားထဲက မွေးညှင်းပေါက်လေးတွေကို ဖြတ်တိုက်သွားပါတယ်။
အသံလှိုင်းတွေ ကြီမားကျယ်လောင်ပါက တစ်ခါတစ်ရံ နားထဲက မွေးညှင်းနုလေးတွေကိုတောင် ကျွတ်ထွက်သွားတတ်ပါတယ်။ ကျွတ်သွားတဲ့ မွေးညှင်းနေရာမှာ မွှေးညှင်းအသစ် နောက်ထပ်ပြန်မပေါက်နိုင်တော့ပါဘူး။

၈၅ ဒက်စီဘယ်လ် ထက်ကျော်လွန်တဲ့ အသံတွေကို အချိန်အကြာကြီးဖြစ်စေ၊ ထပ်ကာထပ်ကာ ဖြစ်စေ ကြားရဖန်များလာတဲ့အခါ အကြားအာရုံချို့ယွင်းလာတတ်ပါတယ်။ MP3 player တစ်လုံးရဲ့ အမြင့်ဆုံး Volume က ၁၀၀ ဒက်စီဘယ်လ် အထက်မှာရှိတာကြောင့် နားကြပ်တပ်ပြီး နားဆင်တတ်တဲ့ အလေ့အကျင့်ရှိသူများအနေနဲ့ Volume အဆုံးတင်ပြီး နားမထောင်မိအောင် သတိပြုသင့်ပါတယ်။

အများအားဖြင့် ဖြစ်လေ့ရှိတာက နားကြပ်ကို အကျွမ်းတစ်ဝင် အသုံးပြုရင်းကနေ တစ်စထက်တစ်စ အသံပိုကျယ်မှ အားရလာတတ်ပြီး Volume ကို တစ်ဖြည်းဖြည်း တင်လာတတ်ပါတယ်။ ဒါဟာ သင့်ရဲ့ နားက အသံအကျယ်ကြီးတွေကို ကျင့်သားရနေလို့ မဟုတ်ပါဘူး။ အကြားအားရုံ လျော့နည်းလာလို့သာ ဖြစ်ပါတယ်။ ဒါကြောင့် နားကြပ်တွေဟာ အရမ်းအသုံးဝင်ပြီး ခံစားမှုအကြားအာရုံရသ ပိုကောင်းစေတာမို့ အသုံးပြုနေကြရပေမယ့်လည်း သတိပြုပြီး သုံးစွဲသင့်ပါတယ်။
 


20 Mar 2018     3,122 Views




RELATED

Most Popular of Health Fix

Most Popular of Life Style