BEC-TERO TV

သားသမီးမရနိုင်လို့ ဇနီးသည်ကို အပိုင်းပိုင်းခုတ်ဖြတ်သတ်ကာ ဦးနှောက်ဖောက်စားခဲ့သူ

21 Mar 2018     1,664 Views


ဖိလစ်ပိုင်နိုင်ငံ ကွီဇွန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဇနီးသည်အား ခင်ပွန်းဖြစ်သူက အပိုင်းပိုင်းခုတ်ဖြတ်သတ်ကာ ဦးနှောက်ကို ဖောက်စားခဲ့တဲ့ လူသတ်မှုကြီးက အားလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။

အော်လန်ဒို နဲ့ ဟေဒီအက်စ်ထရီယာတို့ လင်မယားဟာ အိမ်ထောင်သက်တမ်း ၁၆ နှစ်ကျော်ရှိခဲ့ပြီဖြစ်ပေမယ့် သားသမီးထွန်းကားခြင်း မရှိသေးပါဘူး။ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယောက်ျားဖြစ်သူက သူ့မိန်းမရဲ့ ဝမ်းဗိုက်ထဲမှာ မကောင်းဆိုးရွား တစ်ကောင်ရှိနေလို့ ကလေးမရနိုင်တာလို့ တစ်စ တစ်စနဲ့ ခံစားလာရပါတယ်။

အခင်းဖြစ်ပွားမယ့်နေ့က ရေချိုးခန်းထဲက ထွက်လာတဲ့ သူ့ကို မိန်းမဖြစ်သူက ကြမ်းပြင်ပေါ်မှာ မှောက်လျက်လှဲလှောင်းနေရင်းကနေ နှိပ်ပေးပါဦးလို့ ခိုင်းစေတာနဲ့ သွားနှိပ်ပေးခဲ့ပါတယ်။ အဲ့ဒီလို နှိပ်ပေးနေရင်းကနေ သူ့ရဲ့အမြင်အာရုံထဲမှာ သူမိန်းမလို့ မမြင်တော့ပဲ ဆိတ်ကြီးတစ်ကောင်ကို နှိပ်ပေးနေရတယ်လို့ မြင်လာပြီးနောက် လည်းပင်းညှစ်သတ်ခဲ့ပါတယ်။ လည်ပင်းညှစ်နေတုန်း မိန်းမဖြစ်သူရဲ့ အော်သံဟာ သူ့ရဲ့နားထဲမှာ ဆိတ်အော်သံအဖြစ်သာ ကြားနေရတယ်လို့ ရဲတွေကို ထွက်ဆိုခဲ့ပါတယ်။

လည်ပင်းညှစ်လို့ မိန်းမဖြစ်သူ သေသွားတဲအခါ မှောက်လျှက်အနေအထားကနေ ဖြည့်းဖြည်းချင်း ပက်လက်လှန်လိုက်ပါတယ်။ သူ့မိန်းမရဲ့မျက်နှာ အောက်မှာ မကောင်းဆိုးရွားရဲ့ မျက်နှာအစစ်ရှိရမယ်လို့ မှတ်ယူပြီး မိန်းမရဲ့ မျက်နှာကို ဓါးနဲ့အရေခွံလှန်ပါတယ်။ အဲဒီနောက် ဘာမှမတွေ့ရတဲ့အတွက် ဦးခေါင်းကို တူနဲ့ထုပြီး ထွက်လာတဲ့ ဦးနှောက်တွေကို စွပ်ပြုတ်တွေလို့ မြင်ပြီး စားသောက်ခဲ့ပါတယ်။

အဲဒီနောက် သူတို့နှစ်ဦး ကလေးမရတာကို သတိရသွားပြန်ပြီး မိန်းမရဲ့ ဗိုက်ထဲမှာ ဘာခံနေတာလဲလို့ ဓါးနဲ့ သားအိမ်ကိုခွဲပြီး မကောင်းဆိုးရွား စေတန်နတ်ဆိုးကို လိုက်ရှာပါတယ်။ ဘာမှမတွေ့တဲ့အချိန်မှာ မိန်းမကို အပိုင်းပိုင်းခုတ်ဖြတ်ပါတယ်၊ ခြေထောက်တစ်ချောင်းကို ခွဲထားတဲ့ ဗိုက်ထဲပြန်ထိုးထည့် ကျန်တစ်ချောင်းကို အမျိုးသမီးအင်္ဂါထဲထိုးထည့်ပြီး အိမ်အပြင်မှာ ဒီအတိုင်းပစ်ထားလိုက်ပါတယ်။

ဒါကိုအနီးနားက ကလေးတစ်ယောက်က တွေ့ရှိပြီး အိမ်နီးချင်းတွေကို သတင်းပေးရာမှ ရဲတွေရောက်လာပြီး ဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
နောက်ပိုင်းထွက်ဆိုချက်မှာ သူ့ထက် အသက်ကြီးတဲ့ မိန်းမဖြစ်သူက သူ့အပေါ်သြဇာလွှမ်းမိုးတာ၊ သူလုပ်သမျှကိုင်သမျှကို တန်ဖိုးမထား အထင်မကြီးတာတွေကိုလည်း တစ်ဖက်သတ်မုန်းတီးနေခဲ့တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက မူးယစ်ဆေးသုံးစွဲမှုရှိမရှိစစ်ဆေးရာ ကင်းစင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ သူတို့လင်မယားနှစ်ဦးဟာ ကယ်သိုလစ်ဘုရားကျောင်းမှာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတွေအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်ပါတယ်။

အော်လန်ဒိုဟာ ဒီအလုပ်မလုပ်မီက သားသတ်အလုပ်ကို လုပ်ကိုင်ခဲ့ဖူးကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိတွေက သိရှိခဲ့ပြီး ဇနီးသည်ကို သားသတ်သလို သတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
တစ်ဦးရဲ့လက်ကို တစ်ဦးကဆွဲလျှက် တစ်တွဲတွဲတွေ့ရတတ်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ယခုလို ရက်စက်တဲ့ လူသတ်မှုမျိုး ကျူးလွန်ခဲ့တယ်ဆိုတာကို အိမ်နီးချင်းတွေက မယုံနိုင်အောင် ဖြစ်နေကြပါတယ်။ အော်လန်ဒိုကတော့ ဒီလူသတ်မှုအတွေက် အမှုရင်ဆိုင်ရပါဦးမည်။
 


21 Mar 2018     1,664 Views




RELATED

Most Popular of Special or Others

Most Popular of NEWS