BEC-TERO TV

မက်ခ်ခ်ဇူကာဘတ်က ဖေ့စ်ဘွခ်သုံးစွဲသူများ၏ အချက်လက်ပေါက်ကြားမှုကို ဝန်ခံခဲ့ပေမယ့် တောင်းပန်ရန် ပျက်ကွက်ခဲ့

22 Mar 2018     1,234 Views


Cambridge Analytica ကုမ္ပဏီကို ဖေ့စ်ဘွခ်က သုံးစွဲသူ သန်း ၅၀ ကျော်၏ ကိုယ်ရေးအချက်လက် ရောင်းစားခဲ့တယ်လို့ စွပ်စွဲမှုများပေါက်ကြားပြီး နောက်မှာတော့ ဖေ့စ်ဘွခ်ရဲ့ စီအီးအို မက်ခ်ဇူကာဘတ်က မတ်လ ၂၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ ရေးသားပြောဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူ၏ရေးသားချက်ထဲမှာ ဖေ့စ်ဘွခ်သုံးစွဲသူ သန်း ၅၀ ကျော်၏ ကိုယ်ရေးအချက်လက်များ ထိခိုက်နစ်နာခဲ့ရမှုအတွက် တောင်းပန်ကြောင်း တစ်လုံးမှ မဖော်ပြထားပဲ ကုမ္ပဏီအနေနဲ့ ဒီလိုအရေးကြီးတဲ့အချက်လက်တွေကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်ခဲ့တာ ကြာပြီဖြစ်ကြောင်းနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကိုသာ အဆင့်လိုက်ဖော်ပြရေးသားခဲ့ပါတယ်။

သူရဲ့စကားနိဒါန်းမှာတော့ -
သုံးစွဲသူတွေရဲ့ ဒေတာအချက်လက်တွေကို ကာကွယ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်၊ အကယ်၍ အဲဒီတာဝန်ကိုပျက်ကွက်ခဲ့တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီဝန်ဆောင်မှုကို ပေးဖို့မထိုက်တန်ပါဘူး။ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို တိတိကျကျနားလည်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်၊ ဒီလိုအဖြစ်မျိုးနောက်တစ်ခါ ထပ်မဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ လုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။

ဇူကာဘတ်က “နောက်ဆုံးမှာတော့ ဒီကိစ္စအတွက် ကျွန်တော်ဟာ တာဝန်အရှိဆုံးတစ်ယောက်ဖြစ်ပါတယ်။ ဖေ့စ်ဘွခ်နဲ့ သုံးစွဲသူတွေကြားမှာ သုံးစွဲသူတွေ ဝေမျှတဲ့ကိစ္စတွေကို ကျွန်တော်တို့က ကာကွယ်ပေးမှာပဲဆိုတဲ့ ယုံကြည်မှုစည်း ကျိုးပေါက်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၁ နှစ်ကာလခန့်ကလည်း ယခုလိုအဖြစ်မျိုး ဖြစ်ခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ ဝမ်းနည်းပါတယ်လို့ ဇူကာဘတ်ခ်က တောင်းပန်ခဲ့ဖူးပါတယ်။

ဒီလိုဖြစ်ပျက်ခဲ့မှု့နဲ့ပက်သက်ပြီး နိုင်ငံအလိုက် တစ်ဦးချင်းစီကို အသိပေးအကြောင်းကြားဖို့ ဥပဒေရေးရာဌါနကို ပြောကြားခဲ့ဖူးကြောင်း သူ့ရဲ့ကွန်မန့်မှာ ရေးသားခဲ့ပါတယ်။
ဖေ့စ်ဘွခ်လည်ပတ်ရေး အရာရှိဖြစ်တဲ့ Sheryl Sanberg က ယင်းကိစ္စဖြစ်ပွားပြီးနောက်ရက်တွေမှာ အလုပ်မတက်ခဲ့ပါဘူး။ ဒါပေမယ့် ဇူကာဘတ်ခ်ရေးသားတဲ့ ပိုစ့်ကိုတော့ သူမရဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဝေမျှခဲ့ပြီး “တော်တော်လေး နောင်တရမိပါတယ်” လို့ ဖြည့်စွက်ရေးသားခဲ့ပါတယ်။

ဇူကာဘတ်၏ရေးသားမှုများအရ ဒီလိုအဖြစ်မျိုးထပ်မဖြစ်အောင် လိုအပ်တဲ့အစီမံတွေနဲ့ ကာကွယ်သွားမယ်လို့ ရေးသားခဲ့ပါတယ်။ ဖေ့စ်ဘွခ်က ပရိုဂရမ်ရေးသားသူ Developer တွေအတွက် ဖွင့်ပေးထားတဲ့ ဒေတာတွေကအစ ပြန်လည် စည်းကြပ်သွားဖို့ရှိနေပါတယ်။

>> မက်ခ်ဇူကာဘတ်ရဲ့ ရေးသားမှုအပြည့်အစုံ <<




 


22 Mar 2018     1,234 Views




RELATED

Most Popular of Special or Others

Most Popular of NEWS