BEC-TERO TV

ပလပ်စတစ်ဗူးခွံ၊ သံဗူးခွံ စွန့်ပစ်ပြီး ရွေးသားစစ်စစ် ရယူနိုင်မည့်စနစ် စတင်

30 Mar 2018     1,365 Views


ပလစ်စတစ်ဗူးခွံတစ်ခု ဒါမှမဟုတ် အလူမီနီယံသံဗူးခွံ တစ်ခု စွန့်ပစ်တိုင်း ရွေးသားစစ်စစ် 0.00059 ဂရမ်ကို ချင်းခြင်းရယူနိုင်မည့် စနစ်တစ်ခု မလေးရှားနိုင်ငံတွင် စတင်တော့မည်ဖြစ်သည်။

စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုနိုင်ရေး ကမ်းပိန်းအတွက် ရွေသားနဲ့ လဲလှယ်ပေးမည့်အစီစဉ်ကို HelloGold ကုမ္ပဏီနဲ့ KLEAN တို့ပူးပေါင်းကာ စတင်လိုက်ခြင်းဖြစ်သည်။ လက်ရှိမှာ အမှိုက်စွန့်ပစ်ပြီး ရွေးသားရယူနိုင်သည့် စက်အလုံး ၄၀ ကို Klang Valley အရပ်တွင် လာမည့် ဇူလိုင်လမှ စတင်ကာ ထားရှိမည်ဖြစ်ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာတော့ စက်အလုံးပေါင်း ၅၀၀ ကျော်ကို တစ်နိုင်ငံလုံးနေရာအနှံ့ ထားရှိသွားမည်ဖြစ်သည်။

ဗူးခွံစွန့်ပစ်ပြီး ရွှေသားရယူလိုသူများအနေနဲ့ HelloGold မိုဘိုင်းအပလီကေးရှင်းကို သွင်းယူထားရမည်ဖြစ်ပြီး မှတ်ပုံတင်ထားရမည်ဖြစ်သည်။ ဗူးခွံတစ်ခုစွန့်ပစ်ပြီးတိုင်း ရရှိမည့် ရွေသားဂရမ်ပမာဏကို အဆိုပါ အပလီကေးရှင်းရှိ မိမိမှတ်ပုံတင်ထားသော အကောင့်တွင် ပေါ်လာမည်ဖြစ်သည်။

အသုံးပြုသူများအနေနဲ့ ရွေသားကို လက်တွေ့ချက်ချင်း ကိုင်တွယ်နိုင်မည် မဟုတ်ပဲ အဆိုပါရွှေများကို အပလီကေးရှင်းအတွင်း တွေ့မြင်နိုင်ပြီး အွန်လိုင်းဖြင့် ပြန်လည်ရောင်းချနိုင်သလို များပြားလာပါက အမှန်တစ်ကယ်ရွှေပြားအဖြစ် ပြောင်းလဲ ထုတ်ယူနိုင်မည်ဖြစ်သည်။

ပလပ်စတစ်ပစ္စည်းတွေ အသုံးများလာတာနဲ့အမျှ လူတွေကလည်း စနစ်တစ်ကျ စွန့်ပစ်တတ်လာအောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားတတ်လာစေရန် အဆိုပါ ကမ်ပိန်းက ရည်ရွယ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ပလပ်စတစ်အမှိုက်တွေ မြင့်တက်လာပေမယ့် Recycle ပြန်လုပ်မှုနှုန်းကတော့ အားရစရာမရှိသေးပါဘူး။ ဒါကြောင့်မို့ အမှိုက်ကနေရွှေဖြစ်တယ်ဆိုတာ ပြသဖို့နဲ့ ကျွန်တော်တို့ မလေးရှားမြေပြင်နဲ့ ရေပြင်ပေါ်က အမှိုက်တွေကို Recycle အကြီးအကျယ်ပြန်လုပ်နိုင်ဖို့ တွန်းအားပေးတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်တယ်” လို့ KLEAN ရဲ့ စီအီးအို Nick Boden က ပြောကြားခဲ့ပါတယ်။

ပလပ်စတစ်ဗူးခွံ၊ အလူမီနီယံဗူးခွံတွေ စနစ်နစ်ကျစွန့်ပစ်ပြီး အမှိုက်ကနေ ရွှေပြန်ဖြစ်ချင်သူတွေအနေနဲ့ HelloGold Application ကို Android နဲ့ iOS နှစ်မျိုးလုံးအတွက် ရယူနိုင်ကြပါပြီ။

Download HelloGold App

>> Android (Google Playstore)
>> iOS (Apple App Store)

 


30 Mar 2018     1,365 Views




RELATED

Most Popular of Special or Others

Most Popular of NEWS