BEC-TERO TV

K-pop ဖျော်ဖြေပွဲကို သွားကြည့်ခဲ့တဲ့ မြောက်ခေါင်းဆောင် ကင်မ်ဂျုံအန်

02 Apr 2018     1,278 Views


မြောက်ကိုရီးယားခေါင်ဆောင် “ကင်ဂျုံအန်” ဟာ တနင်္ဂနွေနေ့ညက ပြုံယမ်းမြို့တော်မှာ တောင်ကိုရီးယားကနေ လာရောက် ဖျော်ဖြေတင်ဆက်ခဲ့တဲ့ မိန်းကလေး K-pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ကင်မ်ဂျုံအန်နဲ့အတူ သူ့ရဲ့ဇနီးသည် (အဆိုတော်ဟောင်း)လည်း အဆိုပါဖျော်ဖြေပွဲကို အတူတက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဒီဖျော်ဖြေပွဲမှာ မိန်းကလေး K-pop အဖွဲ့ “Red Velvet” နဲ့အတူ အဆိုအကတွေသာမက ရိုးရာကိုယ်ခံပညာ ဖျော်ဖြေမှုတွေကိုလည်း လူပေါင်း ၁၂၀ လောက်နဲ့ တင်ဆက်ခဲ့တာဖြစ်ပါတယ်။

ကင်မ်ဂျုံအန်ဟာ တောင်ကိုရီးယားရဲ့ ဖျော်ဖြေမှုအစီစဉ်တွေကို လာရောက်ကြည့်ရှုတဲ့ ပထမဦးဆုံး မြောက်ကိုရီးယားခေါင်ဆောင်တစ်ဦး ဖြစ်လာပါတယ်။ သူတို့လင်မယားက ဖျော်ဖြေရေးအဖွဲ့သားတွေနဲ့ လက်ဆွဲနှုတ်ဆက်ကြပြီး ဓါတ်ပုံအတူတစ်ကွတွဲရိုက်ခဲ့ကြပါတယ်။

ဒီဖျော်ဖြေပွဲကြီးက အရမ်းခမ်းနားလွန်းပါတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင် ကိုပြောပေးပါ။ ပြုံယမ်းမြို့သူမြို့သားတွေအနေနဲ့ ဒီလိုလက်ဆောင်မျိုး ရခဲ့တဲ့အတွက် အထူးပင်ကျေနပ်ပါတယ်” လို့ ကင်မ်ဂျုံအန်က တောင်ကိုရီးယားအစိုးရအဖွဲ့နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ကင်မ်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် သဘောတူညီထားပြီးဖြစ်သလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲလည်း လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။

၂၀၀၀ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်ပြီးနောက် တတိယအကြိမ် ကိုရီးယား နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲကို လာမယ့် ဧပြီ ၂၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမယ့်ရက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။


02 Apr 2018     1,278 Views




RELATED

Most Popular of International News

Most Popular of NEWS