BEC-TERO TV

သင်္ကြန်အမှီပြန်လာကြသော မြန်မာနိုင်ငံသားများ စီးလာသည့်ကား မီးလောင်

09 Apr 2018     1,327 Views


ဧပြီ ၉ ရက်နေ့ ၆ နာရီ နက်နံခင်းပိုင်းတွင် သင်္ကြန်ကာလအတွင်း အိမ်ကိုပြန်ကြမယ့် မြန်မာအလုပ်သမားများစီးလာတဲ့ကား အဝေးပြေးလမ်းမပေါ်တွင် မီးလောင်ခဲ့ကြောင်းသိရသည် ။
 
 
ဖြစ်စဉ်မှာ မြန်မာအလုပ်သမားများ လိုက်ပါလာသည့်ကားသည် ဘန်ကောက်မြို့ ပါတာဘင်ကောက် ကုန်တိုက်ကြီးကနေ မဲဆောက်မြို့ကိုမောင်းလာတဲ့ လိုင်စဉ်နံပတ် ၁၅-၈၆၉၀ ဟာ ကားဆီပိုက်ပေါက်ပြီး မီးစလောင်ကာ ကားတစီးလုံးမီးလောင်ခြင်းဖြစ်ခဲ့သည်ဟု Dailynews သတင်းတွင်ရေးသားဖော်ပြခဲ့ပါသည် ။
 
 
အဆိုပါ ကားပေါ်တွင် လိုက်ပါလာသော မြန်မာနိုင်ငံသားရော ကားမောင်းသူပါ ကားတစ်စီးလုံးမီးမလောင်ခင်အချိန် ကားပေါ်မှ လွတ်မြောက်သွားပြီး အသက်ဘေးကနေ အားလုံးလွတ်မြောက်သွားခဲ့ဟု သိရသည် ။ ကားပေါ်တွင် မြန်မာနိုင်ငံသားအမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၇ ဦးလိုက်ပါလာခဲ့ကြောင်းသိရသည် ။
 
 
ယခုဖြစ်ပွားတဲ့မီးလောင်မှုနဲ့ ပါတ်သက်ပြီး မဲဆောက်မြို့ ပိုင်နဲ့  ခရီးသွားပို့ ဆောင်ရေး ကုပဏီ တို့ က သွားရောက်စစ်ဆေးနေကြကြောင်းသိရပါတယ်။

09 Apr 2018     1,327 Views




RELATED

Most Popular of Special or Others

Most Popular of NEWS