BEC-TERO TV

အေးမြတ်သူပြောပြတဲ့ ယောက်ျားကောင်းတစ်ယောက်ဆိုတာ

10 Apr 2018     1,362 Views


ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ ဟန်ပန်အမူအယာကင်းတဲ့ သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူတစ်ယောက် သူမအတွက်တော့ယောကျာ်းကောင်းဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို  အဓိပ္ပါယ်ဖွင့်ဆိုလာပါတယ်။

အပျိုကြီးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ အေးမြတ်သူက ချစ်သူရှိတယ်ဆိုတာကိုသာ ပြောပြထားပြီး ချစ်သူကိုတော့ ရုပ်လုံးပြဖော်ပြခြင်းမရှိခဲ့သူပါ။ ယနေ့ဧပြီလ ၁၀ရက်နေ့မှာတော့ သူမရဲ့ချစ်သူနဲ့ပျော်ရွှင်နေတဲ့ တစ်ပိုင်းတစ်စပုံရိပ်လေးတွေနဲ့အတူ သူမခံယူနားလည်ထားတဲ့ယောက်ျားကောင်းရဲ့အကြောင်းကို ပြောပြထားပါတယ်။

 

“သို့ ....ချစ်ရသူရေ၊ မမြတ်လေး က " ယောကျာ်းကောင်း "ဆိုတာ ❤️❤️❤️အမှားအမှန်ကိုခွဲခြားသိမြင်တဲ့ အသိညဏ်ပညာ၊ တည်ငြိမ်ပြီး ထက်မြတ်တဲ့ အတွေးအခေါ် နဲ့ မိသားစုအပေါ် အချိန်ပေးတဲ့အမျိုးသား ❤️❤️❤️ ၊ ဘာသာတရား၏ အဆုံးအမ ကို လိုက်နာကျင့်ကြံသောသူလို့ အဓိပ္ပါယ် ဖွင့်မိတယ်ရှင့်.....” ဆိုပြီး သူမခံယူထားပုံလေးကို ပြောပြထားပါတယ်။ 

 

ဆက်လက်ပြီး သူမကိုချစ်သောပရိသတ်တွေကိုလဲ "ယောကျာ်းကောင်း" ဆိုတာကို ဘယ်လိုမျိုး အဓိပ္ပါယ်ဖွင့်ဆိုကြလည်းဆိုတာကို မေးမြန်းထားပါသေးတယ်။ “ချစ်ရသူတွေအားလုံးရော ဘယ်လိုလေး အဓိပ္ပါယ်ဖွင့်မိလည်းရှင့်.. မိန်းခလေး ဆိုရင်လည်း ကိုယ်မျှော်လင့်မိတဲ့"ယောကျာ်းကောင်း" ၊ ယောကျာ်းလေး ဆိုရင်လည်း ကိုယ်ခံယူထားတဲ့"ယောကျာ်းကောင်း" Cm လေး တခုလောက် ရေးပြီးပြောခဲ့ပါလားရှင်” ….. 

ကဲ ပရိတ်သတ်ကြီးကရော " ယောကျာ်းကောင်း " ဆိုတာကို ဘယ်လိုမျိုး နားလည်ခံယူထားကြလဲ……


10 Apr 2018     1,362 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment