BEC-TERO TV

သင်္ကြန်တွင်းမှာ မုန့်လုံးရေပေါ် လုပ်စားရအောင်..

10 Apr 2018     46,932 Views


မြန်မာတွေအတွက်တော့ သင်္ကြန်နဲ့ ပိတောက်ဆိုတာ ခွဲခြားလို့မရတဲ့ ပွဲတော်ရာသီအမှတ်တံဆိပ်လိုပါပဲ။ သင်္ကြန်မှာ ပိတောက်က မင်းသမီးလေးဖြစ်မယ်ဆိုရင် သင်္ကြန်မင်းသားကြီးကတော့ “မုန့်လုံးရေပေါ်” ဖြစ်မှာပါ။
 
သင်္ကြန်ဆိုတာ ပိတောက်တစ်ခုထဲနဲ့တော့ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်သေးပဲ မုန်းလုံးရေပေါ်လေးပါ တွဲပါနေမှ ဓလေ့ရိုးရာရဲ့ အနှစ်သာရ ပြည့်စုံနိုင်တာဖြစ်ပါတယ်။
သင်္ကြန်ရောက်ပြီဆိုရင် မုန့်လုံးရေပေါ် စားချင်တဲ့ အာသီသက အလိုလို ဖြစ်လာတတ်တာကလည်း သင်္ကြန်ရဲ့ တန်းခိုးလို့ပဲ ဆိုရမှာပါ။ ကိုယ်တိုင်မိသားစုနဲ့ အိမ်မှာ လုံးရင်လုံး၊ မဟုတ်ရင်တော့ ဘယ်အိမ်ကများ မုန့်လုံးရေပေါ် လိုက်ဝေမလဲဆိုတာ မျှော်ရတာ အမောပါပဲ။
 
ဒါကြောင့်မို့ သင်္ကြန်တွင်းမှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာ ဒါနပြုချင်လို့ပဲဖြစ်ဖြစ် မုန်းလုံးရေပေါ် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
 
 
မုန့်လုံးရေပေါ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့ −
 
 
၁။ ကောက်ညှင်းမှုန့် − နို့ဆီဗူး ၈ လုံး
 
၂။ ဆန်မှုန့် − နို့ဆီ ၂ လုံး
 
၃။ ထန်းလျက် ၂၀ ကျပ်သား
 
၄။ အုန်းသီး − ၂ လုံး (ကွင်းခြစ်(ဂွင်းဂျစ်) ဖြင့် အရှည်မျှင်လေးများရအောင် ခြစ်ပါ)
 
 
မုန့်လုပ်ရန် ပြင်ဆင်မှု
 
 
၁။ ကောက်ညှင်းမှုန်းနဲ့ ဆန်မှုန့်များကို ဇလုံတစ်လုံးထဲတွင် ရောထည့်မွှေပါ


၂။ ရေသန့်တစ်ခွက်ခန့်ကို ရောမွှေထားသော ဇလုံအတွင်း ဖြည်းဖြည်းလောင်းထည့်ပြီး မုန့်သား မပျော့မမာ အနေအထားဖြစ်အောင် သမနယ်ပေးပါ။


၃။ ထန်းလျက်များကို မုန့်အတွင်း ဌါပနာနိုင်ရန် အနေတော်အခဲလေးများ ဖြစ်အောင် ကတ်ကြေး/ကွမ်းညှပ်သုံပြီး ညှပ်ပါ။

 

၄။ အုန်းသီးကို ကွင်းခြစ်(ဂွင်းဂျစ်) ဖြင့် အရှည်မျှင်လေးများရအောင် ခြစ်ပါ။
၅။ မုန့်များကို အလုံးဖြစ်အောင်လုံးပြီး အလယ်တွင် ထန်းလျှက်ခဲ အစာသွပ်ပါ။
 

၆။ ဒန်အိုး(သို့) ဒယ်အိုးကြီးကြီး တစ်လုံးထဲသို့ ရေတစ်ဝက်ကျော်ခန့်ထည့်ပြီး ဆူအောင်ကြိုပါ။

 
၇။ ရေပွက်ပွက်ဆူလာပါက လုံးထားသော မုန့်လုံးများကို ဖြည့်းဖြည့်ချင်း အိုးထဲထည့်ပါ။

၈။ မုန့်လုံးများ အလိုလို ရေပေါ်ပြန်ပေါ်လာသည့်အချိန်ကျမှ ဇကာဖြင့်ဆယ်ယူ စစ်ထားပါ။

 

၉။ ရေစစ်သွားတဲ့ မုန်းလုံးရေပေါ်လေးများကို ခြစ်ထားပြီးသား အုန်းသီးမျှင်လေးများ ဖြူးကာ အသင့်စားသုံးနိုင်ပါပြီ။


သင်္ကြန်တွင်းမှာ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ..။


10 Apr 2018     46,932 Views




RELATED

Most Popular of Food

Most Popular of Life Style