BEC-TERO TV

ဖေ့စ်ဘွခ်တွင် အမုန်းတရားရေးသားပြောဆိုမှုများ ဇူကာဘခ်တင်းကြပ်စွာ ကိုင်တွယ်မည်

11 Apr 2018     1,278 Views


မြန်မာနိုင်ငံတွင် လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှတစ်ဆင့် အငြင်းပွားစရာ အမုန်းတရား ရေးသားပြောဆိုမှုများကြောင့် အဓိကရုန်းများ၊ ဆူပူမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက်
Facebook တည်ထောင်သူ စီအီးအိုဖြစ်သည့် မတ်ခ်ဇူကာဘာ့ခ်က မြန်မာနိုင်ငံ ဖေ့စ်ဘွခ်သုံးစွဲသူများအကြား အမုန်းတရားများ ဖြန့်ဝေရေးသားမှုများကို ယခင်ထက်ပိုမို အားစိုက်ထုတ်ကာ တားမြစ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။

သူ၏လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်တွင် ရွေးကောက်ပွဲနှင့်ပက်သက်ပြီး ဝင်ရောက်စွက်ဖက်မှုများ၊ အမုန်းတရားပြောဆိုရေးသားမှုများနဲ့ ပက်သက်၍ အမေရိကန် ဥပဒေပြုလွှတ်တော်က မေးခွန်းထုတ်စဉ်တွင် ဇူကာဘတ်က မြန်မာနိုင်ငံမှပြသနာများနဲ့ ပက်သက်ပြီး ကတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

လူအခွင့်အရေးထောက်ခံသူများက မြန်မာနိုင်ငံတွင် တွင်ကျယ်စွာအသုံးပြုနေကြသည့် လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်တွင် အမုန်းတရား ရေးသားပြောဆိုမှုများကို ဖယ်ရှားရန် လုပ်ဆောင်မှုများကို Facebook အနေနဲ့ ကြိုးစားအားထုတ်မှု မလုံလောက်ကြောင်း စွပ်စွဲပြောဆိုထားသည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့ဖြစ်ရပ်တွေအတွက် ကျွန်တော်တို့အနေနဲ့ ပိုမိုအားစိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့လိုနေပါတယ်” လို့ ဇူကာဘတ်က ကုန်သွယ်ရေး၊ တရားစီရင်ရေး ကော်မတီမှ လွှတ်တော်အမတ်များ၏ ၅ နာရီကြာ ကြားနာစစ်ဆေးမှုမှာ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Facebook အနေနဲ့ မြန်မာစကားပြောတတ်၊ နားလည်တဲ့ ဝန်ထမ်းများစွာကို ငှားရမ်းအလုပ်ခန့်ထားနေပြီး အမုန်းတရားနဲ့ ပက်သက်တဲ့ အကြောင်းများကို ယခင်ကထက် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြင်ပလူမှုအဖွဲ့အစည်းများရဲ့ အကူညီကိုယူပြီး လူမှုကွန်ယက်ပေါ်မှာ တားမြစ်ပိတ်ပင်သင့်တာတွေကို အတူတစ်ကွလက်တွဲ ဆောင်ရွက်သွားမယ်လို့ ဖြည့်စွက်ခဲ့ပါတယ်။
 


11 Apr 2018     1,278 Views




RELATED

Most Popular of International News

Most Popular of NEWS