BEC-TERO TV

သင်္ကြန်အိမ်အပြန် မြန်မာအလုပ်သမလေးတစ်ဦး မြဝတီနယ်စပ်တွင် ကျပ်သိန်း ၂၀ ခန့် ငွေလိမ်ခံရ

11 Apr 2018     1,310 Views


ဧပြီလ ၉ ရက်နေ့တွင် မွန်တိုင်းရင်းသူ မနီနီဝင်းသည် ထိုင်းနိုင်ငံမှ သင်္ကြန်အိမ်အပြန် မြဝတီတံထားထိပ်တွင် ထိုင်းဘတ်ငွေများကို မြန်မာကျပ်ငွေနဲ့ လဲလှယ်မှုပြုလုပ်ရာတွင် ငွေအလိမ်ခံခဲ့ရသည်ဟု သိရသည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ မနီနီဝင်းသည် ထိုင်းတွင် တစ်နှစ်ပတ်လုံးအလုပ်လုပ်ပြီး စုထားသော ထိုင်းဘတ်ငွေများကို ရွာတွင်နေထိုင်သော မိဘအားပေးရန် မြဝတီတံတားထိပ်တွင် ငွေလဲလုပ်ကိုင်တဲ့ မိန်မကြီးတစ်ဦးရဲ့အိမ်ကိုလိုက်သွားပြီး ငွေလဲလှယ်ခဲ့ရာ ငါးထောင်တန်များကြားထဲမှာ တစ်ထောင်တန်များ ကြားညှပ်ပြီး ၂၀ သိန်းခန့် ဗိုက်ဖောက်လိမ်လည်ခဲ့သည်။
 
 
မနီနီဝင်းသည် အလိမ်ခံရသည်ကိုသိပြီးနောက် ကားမောင်းသူကိုပြောပြပြီး ကားမောင်းသူမှ AAC အဖွဲ့ ချုပ်ရုံးသို့ ကူညီပေးရန်အကြောင်းကြားခဲ့သည် ။ AAC အဖွဲ့ နှင့်သက်ဆိုင်ရာ မြန်မာအာဏာပိုင်းများပူးပေါင်းစုံစမ်းကြည့်ရာ ဧပြီလ ၉ ရက်နေ့ ည ၆ နာရီအချိန်ခန့်တွင် CCTV မှတစ်ဆင့် ဖော်ထုပ်နိုင်ခဲ့ပြီး အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ငွေလိမ်ခံရသူ မနီနီဝင်းထံသို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်းသိရသည် ။
 
 
ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများအများစုဟာ အိမ်အပြန်ငွေလဲလှယ်ရာတွင် ဒီလိုနည်းဖြင့် အများဆုံး အလိမ်ခံရသည်ဟု သိရသည် ။ ထို့ကြောင့် မိမိငွေလှဲရာတွင် သေချာစွာစီစစ်ပြီး လိမ်လည်မှုများထံမှ ကင်းဝေးစေရန်အတွက် တိုက်တွန်းလိုက်ပါတယ်။
 
 
 
 

11 Apr 2018     1,310 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS