BEC-TERO TV

Hot This Week ထဲ ဝင်သွားကြတဲ့ စတော်ဘယ်ရီသီးလေးများ

11 Apr 2018     1,635 Views


ဒီတစ်ပတ် Battle Round ပြီးကထဲက The Voice Global ရဲ့ “Hot This Week” ထဲကို ဘယ်အတွဲများ ရွေးချယ်ခံရမလဲလို့ ရင်ခုန်စွာ စောင့်မျှော်နေခဲ့ပါတယ်။
ရင်ခုန်တယ်ဆိုတာကလည်း ကိုယ့်စိတ်ထဲမှာလဲ ကျိမ်းသေပေါက် ဝင်မယ်လို့ ရည်မှန်းထားတဲ့ အတွဲနှစ်တွဲ ရှိနေတာကြောင့်ပါ။

ကိုယ်မျှော်လင့်ထားတဲ့အတွဲ ဝင်နိုင်ပါမလားလို့ပေါ့။
ဒါပေမယ့် ရှေ့နောက် အစီစဉ်အနည်းငယ်လွဲချော်ပြီး စိတ်ထဲမှာ ဖြစ်နိုင်ချေ ဒုတိယပေးထားခဲ့တဲ့ အတွဲက ယခုတစ်ပတ်ရဲ့ “Hot This Week” မှာ နေရာယူနိုင်ခဲ့ပါတယ်။


“Halo” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Priscillia  Htike နဲ့ သော်ဒီ တို့ကို ပထမဦးစားပေး ဝင်နိုင်တယ် (သီချင်းကအရမ်းခက်တာကိုး)လို့ တစ်ပေးထားခဲ့ပေမယ့် Jason Ace နဲ့ Mark Jason တို့ရဲ့ “All Of Me” က ရွေးချယ်ခံလိုက်ရတာပါ။ (သူတို့သီချင်းလည်း ခက်တာပါပဲ)

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအတွဲ နှစ်တွဲလုံးကတော့ Battle Round Week 2 မှာ စာရေးသူ အကြိုက်ဆုံး အတွဲတွေ ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေ အားလုံးလည်း ကြိုက်နှစ်သက်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။

“All Of Me” သီချင်းမှာ Jason နှစ်ယောက်စလုံး ပညာအပြည့်ပြသနိုင်ခဲ့ကြပါတယ်။ စတော်ဘယ်ရီအရိုင်းသီးလေး “Jason Ace” နဲ့ စတော်ဘယ်ရီမစ်ခ်ရှိုတ်လေး “Mark Jason” လို့တောင် နည်းပြ လင်းလင်းက တင်စားခဲ့ရတဲ့ သူနှစ်ဦးပါ။

ဒီပွဲရဲ့ ရလာဒ်အဖြေက ဘယ်လိုပဲထွက်ထွက် ပရိသတ်တွေ ရင်ထဲထိရှခဲ့ရတဲ့ ခံစားမှုကတော့ အတူတူပဲဖြစ်မှာပါ။ စိတ်မကောင်းစရာတွေကို အဝေးမှာချန်ထားရင်း The Voice Global Hot This Week စာရင်းဝင် “All Of Me” ကို တစ်ခါထပ်ပြီး ခံစားနားဆင် အားပေးကြပါဦး။


The Voice Myanmar ရဲ့ အစီစဉ်များကို MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တစနင်္ဂနွေနေ့ ည ၉ နာရီမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး ပြန်လည်ပြသမှု Replay ကိုတော့ စနေ့နေ့ည ၉ နာရီမှာ ပြန်လည် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့ နောက်တစ်ပတ် Battle Round ပြိုင်ပွဲဝင်တွေထဲက ဘယ်အတွဲက “Hot This Week” ထဲကို ထပ်မံဝင်လာဦးမလဲဆိုတာ စောင့်မျှော်လိုက်ပါဦးနော်။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။
 


11 Apr 2018     1,635 Views




RELATED

Most Popular of The Voice Myanmar

Most Popular of Entertainment