BEC-TERO TV

အမျိုးအိမ်တွင် တည်းခိုရာမှ ၁၂ သမီး အဓ္ဓမပြုကျင့်ခံရ

11 Apr 2018     1,418 Views


ဧပြီလ ၉ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့၌ အသက် ၁၂ နှစ်အရွယ်ကလေးမတစ်ဦးကို မုဒိမ်းကျူးလွန်မှုဖြစ်ပွားခဲ့သည် ။
 
ဖြစ်စဉ်မှာ မ ...... သည် မိထွေးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း၏ အကိုတော်စပ်သူ သောင်းမြင့်ဦးရမဲ့အိမ်တွင် မိထွေးနှင့်အတူ ညအိပ်လာရောက်တည်းခိုနေစဉ် အလိုမတူဘဲ သားမယားအဖြစ် စုစုပေါင်း ၂ ကြိမ် အတင်းအဓမ္မ ပြုကျင့်ခဲ့သည်ဟု သိရသည် ။
 
 
ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်သူ သောင်းမြင့်ဦးအား အဓမ္မပြုကျင့်ခံရသူ မ………. ၏ မိခင်ရင်းဖြစ်သူ ဒေါ်ဇင်မာဌေးမှ ရပ်စောက်မြို့မရဲစခန်းသို့ တရားလိုပြု တိုင်တန်းသဖြင့် အမှုကို စခန်းမှူး ဒုရဲမှူး တင်အောင်မိုးမှ စစ်ဆေးကာ တရားလို/ သက်သေများ စစ်ဆေးခြင်း၊ တရားခံအား ဖမ်းဆီးစစ်ဆေးခြင်းနှင့် (ပ)၃၁/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
 

11 Apr 2018     1,418 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS