BEC-TERO TV

ကားမှာတင်ကျန်နေတဲ့ ရေဂျိုးများအလွယ်တစ်ကူ ဖယ်ရှားနည်း

18 Apr 2018     2,520 Views


သင်္ကြန်တွင်းမှာ လည်ပတ်ထားကြတဲ့ ကားတွေကို ရေသေချာဆေးပေမယ့် ကားမှန်နဲ့ ဘော်ဒီပေါ်မှာ ရေဂျိုးအကွက်လေးတွေ မပြောင်ပဲ ထင်ကျန်နေတဲ့အခါ စိတ်ညစ်မသွားပါနဲ့။ ဖော်ပြပါနည်းနည်းလေးက ငွေကုန်ကြေးကျနည်းပြီး ရေဂျိုးတွေကို အလွယ်တစ်ကူ ရှင်းပစ်နိုင်ပါလိမ့်မယ်။


ဒီလိုရေဂျိုးတွေရှိနေတဲ့ ကားတွေကို ရေးဆေးဆိုင်တွေမှာ ပုံမှန်အတိုင်းဆေးမယ်ဆိုရင်တောင် ခြောက်သွားတဲ့အခါ အကွက်လေးတွေ ထင်ကျန်နေဦးမှာဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်တိုင်ပဲ ရေဂျိုးတွေ ပျောက်သွားအောင် ဖော်ပြပါနည်းအတိုင်း လိုက်နာလုပ်ဆောင်နိုင်ကြပါတယ်။


ပုံမှန်အတိုင်းရေဆေးရန်

၁) ပထမဦးစွာ ကားကို ရေပိုက်ဖြင့်ပက်ဖြန်းပြီး ပုံမှန်ဆေးနေကျအတိုင်း အပေါ်ယံက အညစ်အကြေးတွေ ပြောင်သွားအောင် ဆေးကြောပါ။


၂) ကားဆေးဆပ်ပြာ (မရှိပါက ပန်းကန်ဆေးဆပ်ပြာအနည်းငယ်ကို ရေများများနဲ့ ချိန်ဆရောစပ်ပြီး) နဲ့ ကားဆေးဖော့တုံး အသုံးပြုပြီး ပွတ်တိုက်ဆေးကြောပါ။

၃) ထို့နောက် ရေဖြင့်ပက်ဖျန်းကာ ဆေးကြောပြီးနောက် ကားသုတ်အဝတ်အနုစားဖြင့် ခြောက်သွေ့အောင် ပြုလုပ်ပါ။

(ရေဂျိုးများ အကွက်လိုက် ကျန်နေသေးသည်ကို ထင်ရှားစွာတွေ့ရပါမည်)

ရေဂျိုးများကို ရှင်းလင်းရန်

ရေဂျိုးများဖယ်ရှားရန် လိုအပ်သောပစ္စည်းများ -

  • ဟင်းချက် ရှာလကာရည်အဖြူ(အပျော့စား)
  • ရေဖျန်း စပရေးဗူး
  • ကားသုတ်အဝတ်အနု (၁) ထည်


၁) ပုံးအသန့်တစ်ခုထဲတွင် ရှာလကာရည် ၁ ဆ ရေ ၂ ဆ ရောသမမွှေပါ။ ထို့နောက် ရောထားသော အရည်ကို ရေဖျန်းဗူးထဲသို့ ထည့်ပါ။ (ကားအကြီးအသေးအလိုက် အနည်းအများ ချိန်ဆဆောင်ရွက်ပါရန်)


၂) ရေဖျန်းဗူးဖြင့် ရေဂျိုးရှိနေသော နေရာကို ပက်ဖျန်းပြီးနောက် ကားသုတ်အဝတ်အနုစား အသစ်ဖြင့် ကားမှန်၊ ကားဘော်ဒီများကို ညင်သာစွာပွတ်တိုက်ပါ။
(ဤနေရာတွင် ကားတစ်စီးလုံးကို တစ်ပြိုင်တည်းမဟုတ်ပဲ နေရာအပိုင်းလိုက် ဆောင်ရွက်ပါရန်)


၃) နောက်ထပ်ကားသုတ် အဝတ်ခြောက်တစ်ထည်နဲ့ ခြောက်သွေ့အောင် ချက်ခြင်းလိုက်သုတ်ပါ။


၎) ရေဂျိုးများ အားလုံးရှင်းလင်းပြီးသွားပါက ကားတစ်စီးလုံးအား နောက်ထပ်တစ်ဖန် ကားဆေးဆပ်ပြာရည် အသုံးပြုပြီး ထပ်မံဆေးကြောပါ။


၅) ရေများကို ကားသုတ်အဝတ်သန့်သန့်ဖြင့် ခြောက်သွေ့အောင် သုတ်ပါ။ ယခုတစ်ခါ ရေဂျိုးများ ကင်းရှင်းသွာသည်ကို မြင်တွေ့ရပါမည်။
 


18 Apr 2018     2,520 Views




RELATED

Most Popular of Special or Others

Most Popular of Life Style