BEC-TERO TV

တာချီလိတ်တွင် ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

18 Apr 2018     1,358 Views


ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကုမ္ပဏီပိုင်ရှင်တစ်ဦး သူ၏နေအိမ်ခြံဝန်းအတွင်းတွင် သေနတ်ဒဏ်ရာများဖြင့် ပက်လက် အနေအထား သေဆုံးနေသည်ကို တွေ့ရသည် ။
 
 
မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူ ဦးယော်ဟန် အသက် ၃၅ နှစ်သည် သူ၏ခြံဝန်းအတွင်း ရင်ဘတ်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရသည် ။ သေဆုံးသူ၏ အနီးတွင် USA – 9mm Luger အမျိုးအစား ကျည်ခွံလေးခုကို တွေ့ရကြောင်း သိရသည်။
 
 
အခင်းဖြစ်ပွားသည့်နေရာတွင် ရဲများ သွားရောက်စစ်ဆေးခဲ့ပြီး အလောင်းအား ပြည့်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည် ။ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရဲများက ဆက်လျက်စုံစမ်းစစ်ဆေးနေကြောင်းသိရသည် ။

18 Apr 2018     1,358 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS