BEC-TERO TV

ဆူးလေဘုရားလမ်းပေါ် လူမြင်ကွင်းတွင် အမျိုးသမီးတစ်ဦးကို ပေါ်တင်ဆွဲကြိုးလုခံရ

19 Apr 2018     1,282 Views


ဧပြီလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီခန့်အချိန်တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းမီးပွိုင့်တွင် အမျိုးသမီးတစ်ဦးကို ကြမ်းကြမ်းတမ်းတမ်း ဆွဲကြိုးဖြတ်လုခံခဲ့ရသည်ဟု သိရှိရသည် ။
 
 
"ကျနော့်မိန်းမက အာဂမို့တော်တော် နပန်းလုံးလိုက်ရတယ်။ လှဲကျပြီး ဒူးတွေလက်တွေ လည်ပင်းတွေမှာ ဒါဏ်ရာရသွားတယ်။ နေ့လည်ကြောင်တောင် မီးပွိုင့်အဖြတ်ဆိုတော့ ကားပေါ်ကလူတွေတောင် ကြောင်ပြီးကြည့်နေကြတယ်။ ဆွဲကြိုးချိတ်က ခိုင်တော့ပါမသွားပါဘူး " ဟု ယောက်ကျားဖြစ်သူပြောသည် ။
 
 
ကျောက်တံတားမြို့မရဲစခန်းမှာ စီစီတီဗွီမှတ်တမ်းနှင့်တကွ တိုင်တန်းအမှုဖွင့်ထားသည် ဟုသိရသည် ။   နောက်လူတွေအတွက် အန္တရာယ်ကင်းအောင် ရှယ်ပေးခြင်းဖြင့် အန္တရာယ်ကို သတိပေးကြပါ။ အကြမ်းဖက် လူဆိုးသူခိုးကို အမြန်ဖမ်းနိုင်ဖို့ တွန်းအားပေး ရှယ်ပေးကြပါ။

19 Apr 2018     1,282 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS