BEC-TERO TV

ပခုက္ကူက ရက်ရက်စက်စက် အုပ်စုဖွဲ့မုဒိန်းကျင့်လူသတ်မှု

19 Apr 2018     1,678 Views


ဧပြီလ ၁၈ ရက်နေ့ ပခုက္ကူမြို့တွင် အမျိုးသမီးတစ်ဦးကို လူငယ် ၉ ဦးမှ မုဒိန်းကျင့်ပြီး ဓား အုပ်နီများဖြင့် ရက်ရက်စက်စက်သတ် ခဲ့သည်ဟုသိရသည် ။
 
နံဘေး တဖက်တချက် ထိုးသွင်းဒဏ်ရာ ၁ချက်စီဖြင့် ၂ချက်၊ လည်းပင်းပြတ်ရှဒဏ်ရာ၊ ခေါင်း နောက်စိကြေမွ၊ မျက်နှာ နှာရိုးကျိုးကြေ၊ နားကပ်ဆွဲဖြတ်ခြင်းကြောင့်နားပြတ် ဒဏ်ရာများဖြင့်သေဆုံး၊ ဖုန်းနှင့် ရွှေများယူဆောင်သွားကြသည်။ တရားခံများထဲမှတစ်ဦး၏ဖုန်းသည် အခင်းဖြစ်ပွားသည့်နေရာတွင် ကျကျန်ရစ်သည်ကို ရဲမှတွေ့ရှိခဲ့သည်ဟု Shin Thant Facebook တွင် ရေးသားဖော်ပြထားပါသည် ။
 
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံ ၅ ဦးကို ဖမ်းမိထားပြီး သတ်ရသည့်အကြောင်းအရာနှင့် အုပ်စုဖွဲ့ မုဒိန်းကျင့်ထားခြင်းရှိမရှိ စစ်ဆေးစုံစမ်းနေသည်ဟု သိရသည် ။ဖမ်းမိသူများ၏ဆီးကိုလဲ မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိမရှိစစ်ဆေးထားသည်ဟုသိရသည်။ 
 
 
ယခုအခါတွင် ဖမ်းမိသူများထဲမှ တစ်ဦးက သူတစ်ဦးတည်းသာသတ်ပါသည်ဟု ထွက်ဆိုပီး ကျန်သူများမပါဟုထွက်ဆိုသည်။ သေဆုံးသူမှာ ဗလကောင်းသူဖြစ်ပြီး လူ၂ဦးဖြင့် ယှဉ်ပြိုင်ထိုးသတ်နိုင်သည့် ခန္ဓာကိုယ်အနေအထားရှိသည်။ သေဆုံးသူအား အုပ်စုဖွဲ့မုဒိန်းကျင့်ထားသည် လက္ခဏာပါတွေ့ရသည်ဟု စခန်းစရဲမှုးမှသေဆုံးသူ၏အမကိုအသိပေးထားပါသည်။

19 Apr 2018     1,678 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS