BEC-TERO TV

ပဝါမကူရေမရှုတဲ့ Battle Round နောက်ဆုံးည

21 Apr 2018     1,630 Views


ဒီနေ့ညကတော့ The Voice Myanmar ရဲ့ Battle Round နောက်ဆုံးညဖြစ်လို့ အရင်အပတ်တွေကထက် ပိုပြီးရင်ခုန်နေမိပါတယ်။ ပြီးခဲ့တဲ့ Battle Rounds ရွေးချယ်ခဲ့မှုတွေမှာ ပရိသတ်နဲ့ နည်းပြတွေရဲ့အကြိုက် အနည်းငယ် သဘောထားမတိုက်ဆိုင်မှုတွေ ရှိခဲ့ပေမယ့် အများအားဖြင့်တော့ ထပ်တူကျတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့်မို့လည်း ဒီနေ့ညမှာ Blind Audition ထဲက ကိုယ်သဘောကျခဲ့တဲ့ ပြိုင်ပွဲဝင်တွေ Live Show ကို တက်နိုင်ပါ့မလားလို့ စိတ်စောနေပါတယ်။

ပထမဦးဆုံး ယှဉ်ပြိုင်ခဲ့ကြတာကတော့ လင်းလင်းရဲ့ အဖွဲ့သားနှစ်ယောက်ဖြစ်တဲ့ “ထားထား” နဲ့ “ငွေစိုး” တို့ပဲဖြစ်ပါတယ်။
မန္တလေးသားကြီး “ငွေစိုး” ကတော့ ဒီနေ့ညမှာ နိုင်တာရှုံးတာထက် သီချင်းကို အတွဲညီညီသီဆိုနိုင်ဖို့သာ ပိုပြီးအရေးကြီးတယ်လို့ ခံယူထားပြီး “ထားထား” ကလည်း သီချင်းအဆိုကောင်းတဲ့ ကိုငွေစိုးနဲ့ အမီလိုက်နိုင်အောင် သီဆိုမယ်လို့ ဆုံးဖြတ်ထားသူပါ။


သူတို့နှစ်ယောက်အတွက် ကိုလင်းလင်း ရွေးချယ်ပေးလိုက်တဲ့ သီချင်းက “ချစ်သူများရဲ့ မနက်ဖြန်” ဖြစ်ပါတယ်။ ဆရာမြင့်မိုးအောင် ရေးစပ်ထားပြီး ဘိုဘို သီဆိုထားတဲ့ တိမ်မြုတ်နေတဲ့ သီချင်းဟောင်း သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

“ထားထား” နဲ့ “ငွေစိုး” တို့ နှစ်ယောက်လုံးက အသံအေးအေးချိုချိုပိုင်ရှင်တွေ ဖြစ်ကြတော့ သီချင်းစဆိုလိုက်တာနဲ့ နားထောင်ရတာ နားကြောထဲကို စိမ့်ဝင်သွားတယ်လို့ ခံစားလိုက်မိပါတယ်။ ကိုယ်တိုင်ခံစား နားဆင်ကြည့်ပြီးတဲ့အခါ “လင်းလင်း”ရဲ့ ရွေးချယ်မှုအပေါ် သုံးသပ်နိုင်ပါတယ်။



ဒီနေ့ညမှာတော့ ကျွန်တော်တို့အားလုံး မေ့လျော့နေခဲ့ကြတဲ့ သီချင်းဟောင်းလေးတွေကို ပြန်လည်ဖော်ထုတ်ပေးတဲ့ နည်းပြတွေကို ကျေးဇူးတင်မိပါတယ်။
ယှဉ်ပြိုင်မှု ဒုတိယအတွဲကတော့ “Sai N” နဲ့ “ဖြိုးဟေမာဦး” တို့နှစ်ယောက်ပါ။ သူတို့ရဲ့ နည်းပြ ရန်ရန်ချန်းက တေးရေးမင်းချစ်သူရဲ့ “စိတ်ကူးတောင်ပံများ” သီချင်းကို စီစဉ်ပေးခဲ့ပါတယ်။


သီချင်းအငြိမ်လေးတွေကို နှစ်ယောက်စလုံးက ပါးပါးနပ်နပ်ဆိုတတ်သူတွေမို့ သီးချင်းထဲမှာ တစ်ယောက်တစ်ပြန် ဟာမိုနီတွေနဲ့ ကွန့်မြူးသွားတာဟာ သီချင်းအရသာကို အပြည့်အဝခံစားလိုက်ရပါတယ်။

နှစ်ယောက်စလုံးက ကောင်းနေတော့လည်း မရွေးတတ်တော့တဲ့တူတူ နည်းပြကြီး ရန်ရန်ချန်းရဲ့ ရွေးချယ်မှုကိုသာ စောင့်ကြည့်ရင်း ဖျော်ဖြေမှုတစ်ခုကို ကြည့်နေတယ်လို့သာ စိတ်ထဲထားလိုက်မိပါတယ်။


ဒီတစ်ခါယှဉ်ပြိုင်ရမယ့် အတွဲကတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက အော်ပရာသီချင်းတွေ သီဆိုနိုင်လို့ အားလုံးက ချီးကျူးခဲ့ကြတဲ့ “နှင်အိန်ြဒေရှင်” နဲ့ ကီးအမြင့်ကြီးတွေကို ရောက်အောင် အော်နိုင်တဲ့ “ဝေဝေလှိုင်ဦး” တို့နှစ်ယောက်ပါ။


အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့အတွဲဖြစ်ပါတယ်။
နည်းပြကြီး ကျားပေါက် ကိုယ်တိုင်ရေးစပ်ထားပြီး ဖြူဖြူကျော်သိန်းရဲ့ “အရှုံးထက်ပိုသော” သီချင်းကို ရွေးပေးထားခဲ့ပါတယ်။ “ဝေဝေလှိုင်ဦး” ရဲ့ မျက်နှာ လက်ကနဲ ဖြစ်သွားတာကို တွေ့လိုက်ရသလို နှင်းအိန်ြဒေရှင်တစ်ယောက် အော်ပရာသီချင်းတွေအပြင် မြန်မာသီချင်းကိုရော ဘယ်လောက်ထိ ကောင်းအောင် သီဆိုနိုင်မလဲဆိုတာ ပရိသတ်တွေကိုယ်တိုင် အကဲဖြတ်ခွင့်ရလိုက်တဲ့ အခိုက်အတန့်လေးလည်းဖြစ်ပါတယ်။
 


အရှေ့မှာ သီချင်းအေးအေးလေးတွေနဲ့ ယှဉ်ပြိုင်သွားပြီးနောက်မှာတော့ ရန်ရန်ချန်းအဖွဲ့က မြူးမြူးကြွကြွကောင်မလေးနှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုကို ကြည့်ခဲ့ရပါတယ်။
“Sandy” နဲ့ “Jennet Peri” တို့ အတွဲပဲဖြစ်ပါတယ်။

The Chainsmokers ရဲ့ “Closer” ကို စထွက်လာထဲက နှစ်ယောက်စလုံး သွက်လက်မြူးကြွ ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ သီဆိုကြတာမို့ နည်းပြလေးယောက်လုံးကလည်း တစ်ပြုံးပြုံး ပရိသတ်တွေကလည်း တစ်ဝေါဝေါနဲ့ အားလုံးက သဘောကျနေခဲ့ကြပါတယ်။
ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး..။



ဒီတစ်ခါ အတူတွဲပြီးယှဉ်ပြိုင်ကြရမယ့် ကောင်မလေးနှစ်ယောက်ကတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက “Grace Monica” နဲ့ “သက်ထားစု” တို့ပါ။
သူတို့နှစ်ယောက်ဟာ ဂီတကိုရူးသွပ်မြတ်နိုးတာခြင်း တူကြပေမယ့် မိဘတွေရဲ့ ပံ့ပိုးအားပေးမှုအပိုင်းမှာတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်လို့ ဆိုရမှာပါ။
“Grace” ကတော့ မိဘတွေကိုယ်တိုင်က ဂီတကို ဝါဿနာကြီးပြီး သမီးဖြစ်သူကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး အရမ်းအားပေးပါတယ်။
“သက်ထားစု” ကတော့ အိပ်ယာထဲမှာ မထနိုင်တော့လောက်တဲ့ထိ နာမကျန်းဖြစ်ခဲ့ပြီးမှ မိခင်ဖြစ်သူရဲ့ သီချင်းဆိုဖို့ ခွင့်ပြုချက်ကို ရရှိခဲ့သူပါ၊ မရေရာတဲ့အနုပညာအလုပ်ထက် သေချာတဲ့ ပညာရေးကို အာရုံစိုက်စေချင်တာ မိဘတိုင်းရဲ့ သားသမီးပေါ်ထားတဲ့ မေတ္တာပဲမဟုတ်ပါလား။


တင်ဇာမော် သီဆိုထားတဲ့ “အိမ်စောင့်သူ” သီချင်းက သူတို့အတွက်တော့ အခက်အခဲတွေ အများကြီး ကျော်ဖြတ်ခဲ့ရတဲ့ သီချင်းပါ။ သူတို့နှစ်ယောက် ယှဉ်ပြိုင်နေချိန်တစ်လျှောက်လုံး နီနီခင်ဇော် ကိုယ်တိုင် စိတ်တွေအရမ်းလှုပ်ရှားပြီး ဂနာမငြိမ်ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ (သူမရဲ့ ဂီတအပေါ်မှာချစ်တဲ့စိတ် ဘယ်လောက်ပြင်းတယ်ဆိုတာ သိခွင့်ရခဲ့ပါတယ်)
“Grace Monica” နဲ့ “သက်ထားစု” တို့ထဲက Live Show ကို တက်လှမ်းဖို့ နီနီခင်ဇော်က ဘယ်သူ့ကို ခေါ်သွားမှာလဲဆိုတာကတော့...


Battle Round နောက်ဆုံးညရဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ အတွဲကတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက “ရဲနိုင်ထူး” နဲ့ “Timmy” တို့ဖြစ်ပါတယ်။
Adele ရဲ့ “Rolling in the Deep” သီချင်းကို ရွေးချယ်ပေးခဲ့ပါတယ်။ Blind Audition တုန်းက ရဲနိုင်ထူးက အင်္ဂလိပ်သီချင်း “Green Green Grass Of Home” နဲ့ ယှဉ်ပြိုင်ခဲ့ပြီး “Timmy” က ဒိုးလုံးရဲ့ “မချစ်ဘူးမပြောပါနဲ့” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။


ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက အင်္ဂလိပ်သီချင်း အဆိုကောင်းသူတွေမို့ Adele သီချင်းကို သူတို့ရဲ့ ကိုယ်ပိုင်စတိုင်တွေနဲ့ နားဆင်ခဲ့ရပါတယ်။ နှစ်ယောက်စလုံးက ပစ်ရက်စရာမရှိသူတွေမို့ အိမ်ပြန်သွားရမယ့်သူအတွက်တော့ စိတ်မကောင်းစရာပါ။
ကျားပေါက်နဲ့အတူ The Voice Myanmar ခရီးလမ်းဆုံးထိ ဆက်လက် လက်တွဲခွင့်ရမယ့်သူက ဘယ်သူများဖြစ်မလဲနော်..


The Voice Myanmar ရဲ့ Battle Round အဆင့်ကတော့ ဒီနေ့ညမှာ အဆုံးသတ်သွားခဲ့ပါပြီ။ နောက်တစ်ပတ် Live Show မှာတော့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုနဲ့အတူ ပရိသတ်တွေကိုယ်တိုင် Vote ပေးပြီး ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်ကို Winner တစ်ယောက်ဖြစ်လာတဲ့ထိ ရွေးချယ်ခွင့်ရသွားမှာဖြစ်ပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားစရာ The Voice Myanmar ရဲ့ အစီစဉ်များကို MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္ဂနွေနေ့ ည ၉ နာရီမှာ ထုတ်လွှင့်ပြသလျှက်ရှိပြီး ပြန်လည်ပြသမှု Replay ကိုတော့ စနေ့နေ့ည ၉ နာရီမှာ ပြန်လည် ကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးရင်းနဲ့ နောက်တစ်ပတ် LIVE Show ကို စောင့်မျှော်လိုက်ပါဦးနော်။

The Voice Myanmar ရဲ့ လှုပ်ရှားမှုတွေ အားလုံးကို Official Facebook Page ဖြစ်တဲ့ www.facebook.com/thevoicemyanmar ကို LIKE လုပ်ထားပြီး ဖတ်ရှုနိုင်သလို YouTube ဖြစ်တဲ့ www.youtube.com/thevoicemyanmar မှာလည်း ထုတ်လွှင့်ပြသမှု ရုပ်သံဗီဒီယိုများအားလုံးကို တစ်စုတစ်စည်းထဲ ကြည့်ရှုနိုင်ပါတယ်။



 


21 Apr 2018     1,630 Views




RELATED

Most Popular of The Voice Myanmar

Most Popular of Entertainment