BEC-TERO TV

စကားများရာမှ သားဖြစ်သူကို ဓါးနဲ့ခုတ်ပြီး မိမိကိုယ် ကြိုးဆွဲချသေတဲ့ဖခင်

23 Apr 2018     1,321 Views


တွံတေးမြို့နယ် ရေဝက်ချောင်းကျေးရွာတွင် သားအဖနှစ်ယောက် စကားများကြရာမှ ဖခင်ဖြစ်သူက သားကို ဓားဖြင့်ခုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံးမှုတစ်ခု ဖြစ်ခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် အရက်မူးကာ နေအိမ်သို့ပြန်လာသော ဝင်းနိုင် (၃၇ နှစ်)က အိမ်ပေါ်သို့ရောက်သည့်အခါ မိသားစုအတူကြည့်နေသော တီဗီရုပ်သံလိုင်းကို ပြောင်းရာမှ သားဖြစ်သူ မောင်…… နှင့် စကားများခဲ့ကြသည်။ ထို့နောက် ဝင်းနိုင်က နေအိမ်အောက်သို့ဆင်းကာ မြတ်ခုတ်ဓါးအားယူပြီး သားဖြစ်သူအား ဓါးဖြင့်ခုတ်ခဲ့သဖြင့် ဦးခေါင်းဝဲဘက်၌ ပြန်ရှဒဏ်ရာရရှိခဲ့သဖြင့် မိန်းမဖြစ်သူ မ…… က ကြောက်အားလန့်အားနှင့် အိမ်ပေါ်မှ ဆင်းပြေးခဲ့ပြီး အိမ်နီးချင်းများထံ သွားရောက်ခဲ့သည်။

 နာရီဝက်ခန့်အကြာတွင် အိမ်နီးချင်းများနဲ့အတူ အိမ်ပြန်လာခဲ့ရာ ခင်ပွန်းဖြစ်သူ ဝင်နိုင် မှာ ပုခက်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။ သားဖြစ်သူ မောင်……. အား တွံတေးဆေးရုံသို့တင်ပို့ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပိုကုသလျှက်ရှိသည်။ ဖြစ်စဉ်ကို သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲဌါနမှ သိရှိရသည်။
 


23 Apr 2018     1,321 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS