BEC-TERO TV

လယ်တောတဲမှာ အမျိုးသားတစ်ဦး သေတမ်းစာနဲ့အတူ ကြိုးဆွဲချသေဆုံး

23 Apr 2018     1,291 Views


ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ( ၃ ) အရှေ့တောင်ဘက်ရှိ လယ်တောထဲတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကို ရွာသားများကတွေ့ခဲ့ရကြောင်း အပိုင်ရဲစခန်းကို တိုင်ကြားခဲ့သည်။
 
ဧပြီလ ( ၂၁ ) ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်တွင် ရဲများက အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ရာ မသေခင် သူရဲ့အမျိုးသမီးအား မှာထားခဲ့တဲ့ စာရွက်တစ်ရွက်တွင် နှစ်ဖက်အပြည့်ရေးသားထားတဲ့ စာတွေနဲ့အတူ တွေ့ရှိခဲ့သည်ဟု သိရသည် ။ သေဆုံးသူမှာ ကလေးသုံးဦးရဲ့ဖခင်ဖြစ်ပြီး အောင်မင်္ဂလာရပ်ကွက်နေ ထွန်းလှိုင်ဝင်းဆိုသူ ဖြစ်သည် ။
 
 
“သေဆုံးခဲ့တဲ့အချိန်ကိုတော့ အတိအကျ မသိပါဘူး။ ရပ်ကွက်က အကြောင်းကြားလို့ သွားကြည့်တော့ အကာအရံမရှိတဲ့ တဲမှာ လွယ်အိတ်ကြိုးနဲ့ ချိတ်ပြီး သေဆုံးနေတာ တွေ့ရတယ်။ အဲ့ဒီလွယ်အိတ်ထဲမှာ မသေဆုံးခင် ရေးထားတဲ့စာရွက် တွေ့ရတယ်” ဟု ဒီဗွီဘီ သတင်းဌာနတွင်ရေးသားဖော်ပြထားပါသည် ။
 
သေဆုံးမှုနဲ့ ပတ်သက်ပြီး ကလေးမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ( ၆/၂၀၁၈ ) နဲ့အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

23 Apr 2018     1,291 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS