BEC-TERO TV

မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း ဘုရာဖူးယာဉ် တိမ်းမှောက်

23 Apr 2018     1,281 Views


ဧပြီလ ၂၃ ရက် နံနက် ၇ နာရီခန့်တွင် ပတ္တမြားရွှေစင်ဘုရားဖူးယာဉ်တစ်စီး တံတားအောက်ပြုတ်ကျသဖြင့် လူ ( ၃၀ ) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည် ။
 
မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၁၇/၁ ညောင်ပင်သာကျေးရွာအနီး ညောင်ပင်သာ တံတား၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်နေသူ ယာဉ်မောင်း နေဝင်းဟန်(၃၅)နှစ် ယာဉ်အမှတ် 3K/- - - - - HYUNDAI အမျိုးအစား ဖြူ/ပြာကြားအရောင် ခြောက်ဘီးမှန်လုံ ပတ္တမြားခင်းရွှေစင် ဘုရားဖူးယာဉ်မှာ ရန်ကုန်မှ အမြန်လမ်းမကြီးအတိုင်း ပုပ္ပါးသို့ ဘုရားဖူးသွားရာမှ ကား၏ရှေ့ညာဘက် တားလော့ပြုတ်ကျ၍ လမ်း၏ညာဘက် တံတားအောက်သို့ထိုးကျသွားပြီး ယာဉ်ပေါ်ပါရှိသူ ခရီးသည် (၄၉)ဦးအနက် (၃၀)ဦးဒဏ်ရာရရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။ 
 
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူကို ရဲစခန်းမှ ယာဉ် ( ပ ) ၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည် ။

23 Apr 2018     1,281 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS