BEC-TERO TV

ကမ္ဘာ့ဖလားအတွက် ရုရှားတွင် ခွေးတွေကို ဈေးကောင်းပေးပြီး သုတ်သင်

23 Apr 2018     1,282 Views


ရုရှားနိုင်ငံတွင် ကမ္ဘာ့ဖလားကျင်းပပြုလုပ်ရန် နီးကပ်လာသောကြောင့် အာဏာပိုင်များက ထောင်နဲ့ချီသော လေလွင့်တိရိစ္ဆာန် ခွေးနဲ့ကြောင်များကို ဇွန်လမတိုင်မီ ရှင်းလင်းသုတ်သင်မှုများ ပြုလုပ်လျှက်ရှိသောကြောင့် ယင်းလုပ်ရပ်ကို FIFA က ပြစ်တင်ရှုတ်ချလိုက်သည်။

တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများကလည်း ၂၀၁၄ ခုနှစ်က ဆိုချီမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်အားကစားပွဲအချိန်က စာနာတရားကင်းမဲ့စွာ သတ်ဖြတ်ခဲ့မှုနဲ့ အလားသဏ္ဍန်တူကြောင်း ဝေဖန်နှိုင်းယှဉ် ပြောဆိုလျှက်ရှိသည်။

တိရိစ္ဆာန်များကို ရှင်းလင်းပစ်ရန် စည်ပင်သာရာရေးက တစ်ဦးချင်းဆီကို ကန်ထရိုက်စနစ်ပေးထားပြီး အကောင်အရေအတွက်အလိုက် ငွေပေးချေမှုကြောင့် ဝင်ငွေ ရာထောင်ချီ ရရှိနေကြသည်။

“ဒီကန်ထရိုက်စနစ်ထဲမှာ ငွေလည်ပတ်မှုအများကြီးရှိနေတယ်၊ အခုလိုရှင်းလင်းပစ်တဲ့ ကုမ္ပဏီတွေထဲမှာ ဆုတံဆိပ်ရထားတာတွေတောင်ပါနေပြီး ပြည်နယ်အစိုးရအနေနဲ့ ဘာမှဝင်ရောက် စွက်ဖက်နိုင်ခြင်းမရှိဘူး” လို့ မော်စကို သတင်းစာကို ပြောကြားခဲ့ပါတယ်။

မြို့အနီးဝန်းကျင်မှာပဲ လေလွင့်တိရိစ္ဆာန် ၁၀၀,၀၀၀ ခန့်ရှိနေပြီး အဲဒီတိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်မှုကနေ ဒေါ်လာ ၁.၈ သန်းလောက်ရှိနေကြောင်း၊ ကုမ္ပဏီတွေက သတ်တဲ့ကောင်ရေအလိုက် ပိုက်ဆံပေးနေတဲ့အတွက် လူတစ်ဦးချင်းဆီက ဖမ်းပြီးသတ်နိုင်သလောက် သတ်ပစ်နေကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားကျင်းပမယ့် အခြားမြို့တစ်ခုဖြစ်တဲ့ Yekaterinburg မှာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက လေလွင့်ခွေး အကောင် ၄,၆၀၀ ရှင်းလင်းဖို့အတွက် စည်ပင်ကုမ္ပဏီတွေ ဒေါ်လာ ၅၃၃,၀၀၀ ကျော်ရခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အိမ်ယာမဲ့လေလွင့်တိရိစ္ဆာန်တွေအတွက် ဥပဒေတစ်ရပ်ကို နိုင်ငံတွင်းမှာ ဒုတိယအကြိမ် ကြားနာပြီးဖြစ်ပြီး တတိယအကြိမ် ကြားနာပြီးပါက သမ္မထံရောက်ရှိကာ အတည်ပြုနိုင်မည်ဖြစ်လို့ ဒီဥပဒေအမြန်ဆုံး အကောင်အထည်ပေါ်စေရန် စောင့်မျှော်လျှက်ရှိကြောင်း တိရိစ္ဆာန်အရေး လှုပ်ရှားသူများက ပြောကြားသည်။

 


23 Apr 2018     1,282 Views




RELATED

Most Popular of International News

Most Popular of NEWS