BEC-TERO TV

ကျိုက်ထီးဘုရားမှာ မွေးနေ့အလှူလုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

24 Apr 2018     1,541 Views


ဒီကနေ့ ဧပြီလ ၂၄ရက်နေ့ကတော့ နိုင်ငံကျော်ပြည်သူချစ် အနုပညာရှင် အိန္ဒြာကျော်ဇင်ရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ မအူဝဲက ယနေ့မှာကျရောက်တဲ့မွေးနေ့လေးကို ကျိုက်ထီးရိုးဘုရားမှာ မိသားစုတွေနဲ့အတူ ဘုရားလည်းဖူးရင်း ဘုရားဖူးလာတဲ့ဧည့်သည်တွေကို စတုဒီသာကျွေးပြီး ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ 

 

 

ကုသိုလ်လည်းရပြီး ပျော်စရာကောင်းတဲ့ မွေးနေ့လေးတစ်ခုပါတဲ့။ “ဒီနေ့ ကျိုက်ထီးရိုး ဘုရားဖူးရင်း ဘုရားဖူးလာတဲ့ဧည့်သည်တွေကို ရင်ပြင်တော်ပေါ်မှာ စတုဒီသာကျွေးပါတယ်.... ကုသိုလ်လဲရ ပျော်စရာလဲကောင်းတဲ့ မွေးနေ့အမှတ်တရလေးပါ”  ဆိုတဲ့စာသားနဲ့အတူ အလှူပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို တင်ထားပါတယ်။ 

 

မအူဝဲက ယခုလက်ရှိရုံတင်နေတဲ့ Reflection-ရောင်ပြန်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မအူဝဲရဲ့ ပြေသုန္ဒြာရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးထုတ်လုပ်တဲ့ ရုပ်ရှင်ကားလေးဖြစ်ပြီး သိန်းပေါင်း ၂၀၀၀ကျော်အကုန်ကျခံ ရိုက်ကူးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

 

မအူဝဲက ရုပ်ရှင်လောကမှာလည်း အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက်ဖြစ်သလို ယခုဆိုရင် သရုပ်ဆောင်ပြေတီဦးနဲ့ ချစ်စရာကောင်းတဲ့ သာလေး၊သမီးလေး နှစ်ယောက်နဲ့အတူ အေးချမ်းသာယာတယ့် မိသားစုလေးကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ယနေ့ကျရောက်တဲ့ မွေနေ့လေးမှစ နောက်နှစ်ပေါင်းများစွာထိ မွေးနေ့တိုင်းကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ Popolay မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….

 

 

 


24 Apr 2018     1,541 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment