BEC-TERO TV

ကမ္ဘာ့ပထမဦးဆုံး အမျိုးသားလိင်အင်္ဂါ အစားထိုးလဲလှယ်မှု အောင်မြင်

25 Apr 2018     1,293 Views


အာဖဂန်နစ်စတန်တွင် မိုင်းနင်းမိပြီ: ဒဏ်ရာရရှိလာသော အမေရိကန်စစ်သားတစ်ဦး၏ အမျိုးသားလိင်အင်္ဂါ တစ်စုံလုံး အစားထိုးပေးမှု ကမ္ဘာတွင်ပထမဦးဆုံးဖြစ်ပြီး အောင်မြင်မှုရရှိခဲ့သည်။

အာဖဂန်နစ်စတန်တွင် မြေမြုတ်မိုင်း တစ်လုံးကို နင်းမိခဲ့တာကြောင့် ဒဏ်ရာအကြီ:အကျယ်ရကာ ပျက်ဆီးသွားသော လိင်တံနှင့် ကပ်ပယ်အိတ်အစားထိုး ခွဲစိတ်မှုကို မေရီလန်ပြည်နယ် ဘယ်လ်တီမောရှိ ဂျွန်စ်ဟော့ပ်ကင်းစ် တက္ကသိုလ်မှ ခွဲစိတ်ကုဆရာဝန်များ ပူးပေါင်းကာ အစားထိုးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဆရာဝန်များက ကွယ်လွန်သွားသော အလှူရှင်တစ်ဦး၏ လိင်တံ၊ ကပ်ပယ်အိတ်နဲ့ ဝမ်းဗိုက်ပိုင်း တစ်စိတ်တစ်ဒေသကို အသုံးပြုပြီး အစားထိုးပေးနိုင်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၆ ရက်နေ့က ဆရာဝန် ၁၁ ဦးပါသော အဖွဲ့က ၁၄ နာရီကြာ အစားထိုးခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။
အနာကျက်အသားသေပြီးပါက စစ်သားအနေနဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပြန်လည်လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ဒါဟာ တာဝန်ထမ်းဆောင်စဉ် ရရှိခဲ့တဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှု ပထမဦးဆုံးဖြစ်သလို အသားစနဲ့ ကပ်ပယ်အိတ်အပါအဝင် အစားထိုးပြုပြင်ပေးမှုကလည်း ပထမဦးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အလှူရှင်ရဲ့ ဝှေးစေ့ကိုတော့ စောင့်ထိန်းအပ်တဲ့ ကျင်ဝတ်တွေအရ အစားထိုးထည့်ပေးခဲ့ခြင်းမရှိဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။

အစားထိုးခွဲစိတ်မှုနဲ့ ပက်သက်၍ တက္ကသိုလ်က ထုတ်ပြန်တဲ့ ကြောညာချက်မှာ “ကျွန်တော် ပထမဆုံးသတိပြန်လည်ပြီး နိုးလာတဲ့အချိန်မှာ အားလုံးဟာ ပုံမှန်အခြေနေထက်တောင် ပိုကောင်းနေပါသေးတယ်” လို့ စစ်သားက ပြောဆိုခဲ့ပါတယ်။

သူ့အနေနဲ့ ပုံမှန်အတိုင်း လုံးဝကောင်းမွန်သွားဖို့ အချိန် ၆ လကနေ ၁ နှစ်လောက် ကြာမြင့်မယ်လို့ ကျွမ်းကျင်သူဆရာဝန်များက မှတ်ချက်ပေးခဲ့ပါတယ်။
 


25 Apr 2018     1,293 Views




RELATED

Most Popular of International News

Most Popular of NEWS