BEC-TERO TV

မိန်းကလေးကျောင်းမှာ အုပ်စုဖွဲ့အနိုင်ကျင့်စော်ကားမှု ဗီဒီယိုပျံ့နှံ့

25 Apr 2018     1,429 Views


စင်ကာပူနိုင်ငံ ပါသ်ဝေး မိန်းကလေးကျောင်းတွင် အားငယ်တတ်တဲ့ ကျောင်းသူတစ်ဦးကို အခြားကျောင်းသူ အုပ်စုက ဝိုင်းဝန်းအနိုင်ကျင့်တဲ့ ဗီဒီယိုအွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တာကြောင့် ကျောင်းသားမိဘများ ဒေါသထွက်ပြီး ကိုယ့်သားသမီးတွေကို ဂရုစိုက်ကြဖို့ လှုံ့ဆော်နေကြပါတယ်။

၂၈ စက္ကန့်သာကြာမြင့်တဲ့ အဆိုပါဗီဒီယို အင်စတာဂရမ်ပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဗီဒီယိုရုပ်သံများအရ အားငယ်တတ်ပြီး အထူးစောင့်ရှောက်မှုပေးရန် လိုအပ်တယ်လို့ ယူဆရတဲ့ ကျောင်းသူတစ်ဦးဟာ တစ်နေရာမှာ နံရံမှီပြီး ထိုင်နေစဉ် ကျောင်းဝတ်စုံနဲ့ ကျောင်းသူ ၃ ဦးရောက်ရှိလာခဲ့ပြီး အနိုင်ကျင့်စော်ကားခဲ့တာပဲဖြစ်ပါတယ်။


တစ်ဦးက အစိမ်းရောင် အိမ်သာဆေးကမုတ်တံဖြင့် မိန်းကလေး၏ အောက်ပိုင်းကို ထိုးစွခဲ့ပြီး ကျန်တစ်ဦးက အိမ်သာထိုင်ခုံစွပ်ကို မိန်းကလေးရဲ့ လည်ပင်းမှာ စွပ်ပြီး အိမ်သာအဖုံးနဲ့ ခေါင်းကို အကြိမ်ကြိမ်ရိုက်မိအောင် အဖွင့်ပွတ်လုပ်တာကို တွေ့ခဲ့ရပါတယ်။

အနိုင်ကျင့်ခံရသူ မိန်းကလေးက အိမ်သာထိုင်ခုံစွတ်ကို သူ့လည်ပင်းကနေ ဖယ်ရှားတဲ့အခါ ကမုတ်တံကိုင်ထားတဲ့ ကျောင်းသူက ရိုက်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး နံရံကို ကမုတ်တံနဲ့ ရိုက်ခဲ့တာကို တွေ့ရပါတယ်။

အဆိုပါဗီဒီယိုကို “ကျပ်မပြည့်တဲ့ ဟာမလေးနဲ့ အလုပ်ရှုပ်နေတာလေ..” ဆိုတဲ့ စာတန်းနဲ့ တင်ခဲ့ပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာတော့ သူမရဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး အွန်လိုင်းပေါ်ကနေ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဗီဒီယိုပါ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ ပါ့သ်ဝေးကျောင်းအုပ်ကြီး Mr Eric Leong က ဆိုပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသူရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။


 


25 Apr 2018     1,429 Views




RELATED

Most Popular of International News

Most Popular of NEWS