BEC-TERO TV

၉ နှစ်အရွယ် မိန်းကလေးအား အလှူခံဘုန်းကြီးတစ်ပါးက အဓမ္မကျင့်ရန်ကြိုးစား

25 Apr 2018     1,242 Views


စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့တွင် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်က ဘုန်းကြီးတစ်ပါးသည် တစ်ဦးတည်းရှိနေသည့် ၉ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဘုန်းကြီးတစ်ပါး အိမ်တွင်အလှူခံရောက်ရှိခဲ့ရာ အသက် ၉ နှစ်သမီးလေးက အလှူငွေ ၂၀၀ ကျပ်ထည့်ခဲ့သည်။ သို့သော် ဘုန်းကြီးက အိမ်တွင်လူကြီးများမရှိသည်ကို အခွင့်ကောင်းယူပြီး နေအိမ်ပေါ်တွင် အဓမ္မပြုကျင့်ရန် ကြံစည်စဉ် မိန်းကလေးက အော်ဟစ်လိုက်ရာမှ ပတ်ဝန်းကျင်ရှိ လူများရောက်ရှိလာပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အခင်းမဖြစ်ပွားခင် အိမ်ရှိလူကြီးများက ဈေးဝယ်ထွက်သွားနေသည်ဟု သိရသည် ။ 
 
 
“စစ်ကိုင်းတောင်ရိုး၊ တောင်ဖီလာဘုန်းကြီးကျောင်းက ဘုန်းကြီးပါ။ ဘုန်းကြီးအစစ်လည်းမဟုတ်ပါဘူး။ ၀င်လိုက်၊ ထွက်လိုက်နဲ့ အလှူလိုက်ခံပြီးလုပ်စားနေတဲ့သူပါ။ လူနာမည်ကတော့ အောင်လွင်ဌေးလို့ သိရပါတယ်။ ကောင်မလေးက ၃ တန်းဖြေဆိုထားပြီးပါပြီ။ နေအိမ်မှာကောင်မလေးတစ်ယောက်ထဲရှိမှန်းလည်းသိရော ရေသောက်ချင်တယ်ဆိုပြီး နေအိမ်ပေါ်တက်လာတယ်။ ပြီးတော့ အိမ်ထဲမှာ ဟိုလျှောက်ဒီလျှောက် ကြည့်ပြီးတော့ ကောင်မလေးကိုချီပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာကနေ အော်သံကြောင့် အိမ်နီးချင်းတွေ ရောက်ရှိလာပြီး ဖမ်းဆီးနိုင်ခဲ့တာပါ ” ဟု အကုန်သိ သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
ဖြစ်စဉ်နှင်ပတ်သက်ပြီး တရာခံကို ရဲစခန်းက (ပ)-၁၈၇/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆/၅၁၁ ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည် ။

25 Apr 2018     1,242 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS