BEC-TERO TV

အိုရှင်းစူပါစင်တာအပါအဝင် ပေါက်ကွဲမှုဖြစ်စဉ်များမှ တရားခံများအား အလုပ်နှင့် ထောင်ဒဏ်အသီသီးချမှတ်

25 Apr 2018     1,272 Views


အိုရှင်းစူပါစင်တာအပါအဝင် မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့နယ်တို့တွင်ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုဖြစ်စဉ်များမှ တရာခံများကို အနောက်ပိုင်းခရိုင် တရားရုံးမှ အလုပ်နဲ့ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။

၁၇.၆.၂၀၁၆ ရက်နေ့ ည ၂၀:၀၅ နာရီ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ အိုးရှင်းစူပါစင်တာ ရေအိမ်အတွင်း ဝန်ထမ်းမှ သန့်ရှင်းရေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မရမ်းကုန်းမြို့မ ရဲစခန်း(ပ)၈၇၆/၂၀၁၆၊ ၁၉၀၈ ခုနှစ်၊ ပေါက်ကွဲ
စေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၃ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။
အနောက်ပိုင်းခရိုင်တရားရုံး၏ ရာကြီးအမှတ် ၉/၂၀၁၇ဖြင့် လက်ခံစစ်ဆေးခဲ့သောအမှုမှ တရားခံ ကိုရွှေ(ခ)ခင်မောင်ရွှေ(ခ)ရာကွတ် (၃၉)နှစ်အား ခရိုင်တရားသူကြီးမှ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခဲ့သည်။

 

၂၅.၁၁.၂၀၁၆ ရက်နေ့ ညနေ ၁၇:၅၀ နာရီအချိန်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်းအနောက်ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် ကိုရွှေ(ခ)ခင်မောင်ရွှေ(ခ) ရာကွတ် (၃၉)နှစ်၊ စိုးဝင်း(ခ)မိုဟာမက်အလီ၊ (၄၀)နှစ်၊ စိုးမင်းဇော်(ခ)သားငယ်၊ (၄၂)နှစ်၊ ရာစင်(ခ)ကျော်သူ၊ (၃၃)နှစ်တို့အား ဒဂုံမြို့မရဲစခန်း(ပ)၂၂၉/၂၀၁၆၊ ၁၉၀၈ ခုနှစ်၊ ပေါက်ကွဲ စေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ရာ အနောက်ပိုင်းခရိုင် တရားရုံး မှ ရာကြီးအမှတ် ၁၃၆/၂၀၁၆ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ကိုရွှေ(ခ)ခင်မောင်ရွှေ(ခ)ရာကွတ်နှင့် စိုးဝင်း(ခ)မိုဟာမက်အလီ တို့နှစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် ခရိုင်တရားသူကြီးမှ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့သည်။


စိုးမင်းဇော် (ခ)သားငယ်နှင့် ရာစင်(ခ)ကျော်သူတို့အား ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၈(၁)အရ အမှုမှ
အပြီးအပြတ်လွှတ်ခဲ့ကြောင်း သိရသည်။


တရားခံ ကိုရွှေ(ခ)ခင်မောင်ရွှေ(ခ)ရာကွတ်မှာ မရမ်းကုန်မြို့မရဲစခန်းနှင့် ဒဂုံမြို့မရဲစခန်းတို့တွင် ရေးဖွင်ခဲ့သည့် အမှုများအရ စုစုပေါင်းအလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်ကျခံရမည်ဖြစ်ကြောင်း Yangon Police စာမျက်နှာတွင် ဖော်ပြပါရှိသည်။



 


25 Apr 2018     1,272 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS