BEC-TERO TV

အရေးပေါ်အောက်စီဂျင်များ လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် ဒေါင်း

25 Apr 2018     1,322 Views


 

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကြီးတွင် လောင်မြိုက်နေသောမီးကြောင့် ထွက်ရှိလာတဲ့ လေထုညစ်ညမ်းမှုနဲ့ အနံ့ဆိုးများက ရန်ကုန်မြို့ရှိ မြို့နယ်တော်တော်များများသို့ပင် ပျံ့နှံ့လို့နေပါတယ်။ အမှိုက်ပုံကြီးအနီးတစ်ဝိုက်နဲ့ လှိုင်သာယာမြို့နယ်မှာတော့ အဆိုးဝါးဆုံးအခြေအနေသို့ရောက်ရှိနေပါတယ်။ ထိုအမှိုက်ပုံကြီးအား မီးငြိမ်းသတ်နေကြတဲ့ လုပ်သားများနဲ့ လှိုင်သာယာမြို့နယ်တွင်နေထိုင်သူများအဖို့ အနံ့ဆိုးများကြောင့် အသက်ရှူဖို့ပင် အခက်အခဲဖြစ်နေကြပါတယ်။ 

ယနေ့ ဧပြီ ၂၅ရက်နေ့မှာတော့ သရုပ်ဆောင်ဒေါင်းက အောက်စီဂျင်အခက်အခဲဖြစ်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အနီးပတ်ဝန်းကျင်ရှိပြည်သူများကို အရေးပေါ်အောက်စီဂျင်များ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ဒေါင်းက အောက်စီဂျင်များကိုလှူဒါန်းနိုင်ရန် ဦးကျော်သူ(နာရေး)မှတစ်ဆင့် ဆက်သွယ်၍လှူဒါန်းခြင်းဖြစ်ပါတယ်။ 

 

 

ဒါကို ဦးကျော်သူမှ ဒေါင်းအရေးပေါ်အသက်ရှူခွင့်ပေးပြီဆိုသော စာသားလေးနဲ့အတူ အစချီပြီး ယခုလိုရေးသားထားပါတယ်။ “သရုပ်ဆောင် ဒေါင်းသည် အဝေးရောက်ကျွန်တော်ထံဖုန်းအတန်တန်ဆက်၊ မက်ဆစ်ပို့ခြင်းများစဉ်ဆက်မပြတ်လုပ်ခဲ့သည်။ လှိုင်သာယာမြို့နယ်အမှိုက်ပုံမီးကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အနီးရှိပြည်သူလူထုတို့အသက်ရှူနိုင်ရန် အောက်ဆီဂျင်များလှူဒါန်းလိုကြောင်းပင်ဖြစ်သည်။ ကျွန်တော်မှလည်းမအားလပ်သည့်ကြားမှ မန္တလေးမှအောက်စီဂျင်လောကကိုချုပ်ကိုင်ထားသော ကိုဖိုးဇော်အားအကူတောင်းရတော့သည်။

ရန်ကုန်တောင်ဒဂုံရှိ အောက်စီဂျင်စက်ရုံအားအဆက်အသွယ်ရခဲ့သည်။ ဒေါင်းနှင့်နာကူအသင်းမှ တာဝန်ရှိသူတို့ စက်ရုံသွား၍ တစ်ကြိမ်ထဲငါးဦးရှူနိုင်သည့်အိုးများကို ဒေါင်းမှဝယ်ယူကာ ယခုဆိုလျင် လှိုင်သာယာမီးကွင်းရှိရာသို့ ချီတက်သွားပြီဖြစ်တော့သည်။” ဆိုပြီး မီးငြိမ်းသတ်နေကြသောနေရာသို့ ဒေါင်းတို့အောက်စီဂျင်များ သွားရောက်လှူဒါန်းနေကြပြီဆိုတာကို အသိပေးရေးသားထားပါတယ်။ 

 

အသက်ရှင်ဖို့အရေးကြီးတဲ့အောက်စီဂျင်များကို လှူဒါန်းခဲ့တယ့် ဒေါင်းရဲ့အလှူကတော့ မွန်မြတ်လှတာကြောင့် သာဓုခေါ်ထိုက်ပါတယ်နော် ပရိတ်သတ်ကြီးရေ….. သရုပ်ဆောင်ဒေါင်းအပြင် အဆိုတော်ထွန်းထွန်းမှလဲ ယနေ့နံနက်က မီးသတ်တပ်ဖွဲ့ဝင်များကို လိုအပ်သောဆေးဝါးများနဲ့ အစားအသောက်များကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အခြားအနုပညာရှင်တွေကလည်း လိုအပ်တာတွေလှူဒါန်းလျက်ရှိတယ်လို့လည်းသိရပါတယ်…..

 


25 Apr 2018     1,322 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment