BEC-TERO TV

ငွေစက္ကူအတု ကျပ် ၅ သိန်းကျော် ဘိုကလေးတွင် ဖမ်းဆီးရမိ

26 Apr 2018     1,230 Views


ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင်  ငွေစက္ကူအတု ၁၀၀၀ ကျပ် တန်(၃၃)ရွက်၊ ၅၀၀၀ ကျပ်တန် (၆၅)ရွက်နှင့် ၁၀၀၀၀ ကျပ်တန် (၂၁)ရွက် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည် ။
 
ဖြစ်စဉ်မှာ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့ဘက်မှ ဘိုကလေးမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်အမှတ် ရ၁/×××× အား ရဲများက ရပ်တန့်စစ်ဆေးရှာဖွေရာ ခုံအမှတ်(၆)တွင် စီးနင်းလိုက်ပါလာသော ခရီးသည် ကျော်ကျော်မင်း(ခ)သိန်းဇော်ဦး ၏ ပိုက်ဆံအိတ်နှင့် ကျောပိုးအိတ် အတွင်းတို့မှ ငွေစက္ကူအတု ၁၀၀၀ ကျပ်တန် (၃၃)ရွက်၊ ၅၀၀၀ ကျပ်တန်(၆၅)ရွက်၊ ၁၀,၀၀၀ ကျပ်တန်(၂၁)ရွက်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရာခံ ကျော်ကျော်မင်း (ခ) သိန်းဇော်ဦးအား ဘိုကလေးမြို့ မရဲစခန်း(ပ)၂၀၅/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၆ အမှုဖြင့် စစ်ဆေးလျက်ရှိကြောင်းသိရပါသည် ။

26 Apr 2018     1,230 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS