BEC-TERO TV

အိန္ဒိယက ကမ္ဘာကျော် ဘာသာရေးဆရာကြီးအား မုဒိန်းမှုဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်

26 Apr 2018     1,569 Views


ကိုယ်ပိုင်ဟန် တရားကျင့်စဉ်၊ ရောဂကျင့်စဉ်များကို သင်ကြားပြသပေးနေပြီး အိန္ဒိနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးမှာပါ သန်းနဲ့ချီသော နောက်လိုက်ပရိသတ် အခိုင်အမာရှိထားသော ဘာသာရေးဆရာတစ်ဦးအား ၁၆ နှစ်အရွယ်မိန်းကလေးကို အဓ္ဓမပြုကျင့်မှုဖြင့် ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။


အသက် ၇၇ နှစ်အရွယ် ဟိန္ဒူဘာသာရေးဆရာကြီးက ၂၀၁၃ ခုနှစ်က Jodhpur တရားစခန်းတစ်ခုမှာ မိန်းကလေးတစ်ဦးကို စော်ကားခဲ့မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။ သူဟာ ကမ္ဘာ့အနှံ့ တရားစခန်းပေါင်း ၄၀၀ ဝန်းကျင်ခန့်ဖွင့်လှစ်ထားပြီး တရားမှတ်နည်းနဲ့ ရောဂကျင့်စဉ်များကို သင်ကြားပေးနေသူလည်းဖြစ်သည်။

သူဟာ ဂူဂျာရတ်ပြည်နယ် အနောက်ဘက်ပိုင်းမှာလည်း အခြားအဓ္ဓမပြုကျင့်မှု တစ်ခုအတွက် ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဆရာကြီးရဲ့ နောက်လိုက် နှစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပြီး အခြားနှစ်ဦးကိုတော့ အပြစ်မရှိကြောင်း တွေ့ရသည့်အတွက် အမှုမှ တရားသေလွတ်ပေးခဲ့သည်။


ဂုရုကြီး ဟာ ၂၀၁၃ ခုနှစ်က သူ့ကိုကိုးကွယ်ဆည်းကပ်တဲ့ လင်မယားနှစ်ဦးရဲ့ သမီးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာကြောင့် အမှုဖွင့်တိုင်ကြားခံခဲ့ရပါတယ်။
လင်မယားနှစ်ယောက်ရဲ့ ထွက်ဆိုချက်အရ သူတို့ရဲ့ သမီးငယ်ကို တရားစခန်းပို့ထားစဉ် မကောင်းဆိုးရွားဝင်ပူးသည်ဟု ဆိုသဖြင့် ဂုရုကြီးနဲ့ တွေ့ပေးရန် Jodhpur သို့ ပို့ခဲ့ကြောင်း။ သြဂုတ်လ ၁၄ ရက်နေ့က ရောက်ရှိခဲ့ပြီး အဲဒီညမှာပဲ ဂုရုကြီးက သူတို့သမီးကို ကုသပေးမည်ဟု ဆိုကာ အခန်းထဲခေါ်ဆောင်သွားခဲ့သည်။ အဲဒီနောက် မိဘတွေ အပြင်ဘက်မှာ စောင့်နေချိန် အခန်းထဲမှာ သမီးငယ်အား အဓ္ဓမပြုကျင့်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဒါအပြင် ဂုရုကြီးက မိန်းကလေးငယ်အား ပုံစံမျိုးစံနဲ့ လိင်ဆက်ဆံလို့ရအောင် ဖိအားပေးခဲ့ပြီး ဒီအကြောင်းတွေကို ပြန်ပြောပါက တစ်မိသားစုလုံးအား သတ်ပစ်မည်ဟု မိန်းကလေးအား ခြိမ်းခြောက်ခဲ့သည်။

နောက်တစ်ရက်မှာ သမီးငယ်က သူမရဲ့အဖြစ်ပျက်တွေကို ပြောပြခဲ့တဲ့အတွက် မိဘတွေက ဂုရုကြီးနဲ့ ဆွေးနွေးရန် ကြိုးစားစဉ် လုံးဝအဝင်မခံခဲ့ခြင်းဖြစ်သည်။


ဂုရုကြီးရဲ့ အမည်မှာ Asumal Harpalani ဆိုသူဖြစ်ပြီး လက်ရှိမှာ ပါကစ္စတန်နယ်မြေဖြစ်နေသည့် ဘာနေးမှာ ၁၉၄၁ ခုနှစ် ဧပြီလက မွေးဖွားခဲ့သူဖြစ်သည်။ ၁၉၆၀ ခုနှစ်တွေမှာတော့ ဘာသာရေးဆရာ တစ်ယောက်ပြီးတစ်ယောက်ဆီမှာ တပည့်ခံရင်း မှော်အတတ်ကို စတင်လိုက်စားခဲ့သူဖြစ်သည်။ သူ့ရဲ့ နာမည်ကိုလည်း Asaram လို့ ပြောင်းခဲ့ပါတယ်။

၁၉၇၂ ခုနှစ် ဂူဂျာရတ်မြို့က မြစ်ကမ်းနံဘေးမှာ သူ့ရဲ့ ကျင့်စဉ်တွေကို ပထမဦးဆုံးပြသခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူ့ရဲ့ကျင့်စဉ်တွေ အိန္ဒိယနိုင်ငံ အနှံ့ပျံ့နှံ့ရုံသာမက ယနေ့ခေတ်မှာ တစ်ကမ္ဘာလုံးမှာပါ ပျံ့ပွားခဲ့ပြီး နောက်လိုက်နောက်ပါ များစွာရှိခဲ့ပါတယ်။


သူ့ရဲ့ဝဘ်ဆိုက် စစ်တမ်းအရ ဖော်လိုဝါ သန်း ၄၀ ကျော်ရှိပြီး နိုင်ငံပေါင်း ၁၉ ခုမှာ တရားစခန်း ၄၀၀ ခန့် ဖွင့်ထားသူလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဖြစ်တဲ့ နာရန်ဒါမိုဒီ တောင် သူ့ရဲ့ တရားပွဲတွေ တက်ရောက်နားထောင်ခဲ့ဖူးလောက်အောင် နာမည်ကြီးဂုရုကြီးဖြစ်ပါတယ်။
ဂုရုကြီးက သူ့ရဲ့ပြစ်မှုများအတွက် ငြင်းဆိုနေဆဲဖြစ်ပေမယ့် ပြသ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် တရားရုံတော်က ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။





 


26 Apr 2018     1,569 Views




RELATED

Most Popular of International News

Most Popular of NEWS