BEC-TERO TV

ဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအန်တို့ ဇွန်လတွင်း စင်ကာပူတွင် တွေ့ဆုံဆွေးနွေးမည်

11 May 2018     1,255 Views


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နှင့် မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန် တို့နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၂ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က သူ့ရဲ့လူမှုကွန်ယက် တွစ်တာပေါ်မှ ကြေညာပြောဆိုလိုက်သည်။


မြေက်နှင့်ကန် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်နေခဲ့တာ လအတန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါ တွေ့ဆုံမည့်နေရာကို စင်ကာပူနိုင်ငံအဖြစ် အမေရိကန်တို့ဘက်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လူဦးရေ ၆.၅ သန်း နေထိုင်တဲ့ စင်ကာပူနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ စီးပွားရေးအချက်အချာ နိုင်ငံတစ်ခုလည်းဖြစ်ပြီး သံတမန်ရေးအရ ကြားနေနိုင်ငံဖြစ်သလို လုံခြုံရေးအထူးကောင်းမွန်တဲ့အတွက် အမေရိကန် အဆင့်မြင့် ထိပ်တန်းအရာရှိများက နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရန် အကောင်းဆုံး နိုင်ငံအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။


အမေရိကန် စင်ကာပူ ဆက်ဆံရေး

စင်ကာပူ နဲ့ အမေရိကန် နှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာ ရာစုနှစ်တစ်ဝက်မျှ ရှိခဲ့ပြီဖြစ်ပြီး လက်ရှိစင်ကာပူနိုင်ငံမှာ အမေရိကန်နိုင်ငံသား ၃ သိန်းကျော် နေထိုင်သလို အမေရိကန်စီပွားရေးလုပ်ငန်းပေါင်း ၄,၂၀၀ လုပ်ကိုင်လည်ပတ်နေပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံကြား လွပ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက် ယူထားပြီးသားလဲဖြစ်ပါတယ်။
အမေရိကန်ထိပ်တန်း ကုမ္ပဏီတွေဖြစ်တဲ့ Facebook, Google, Airbnb အစရှိသော ကုမ္ပဏီတွေရဲ့ နယ်မြေရုံးချုပ်တွေဟာလည်း စင်ကာပူမှာပဲရှိနေပြီး အနီးနားဝန်းကျင်နိုင်ငံတွေနဲ့ ချိပ်ဆက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

အမေရိကန်ဟာ စင်ကာပူအတွက်တော့ နိုင်ငံခြားရင်းနှီးမြုတ်နှံမှု အများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် စစ်တမ်းအရ စင်ကာပူတစ်နိုင်ငံလုံးရဲ့ ရင်းနှီးမြုတ်နှံမှု ဒေါ်လာ ၂၂၈ ဘီလီယံမှာ အမေရိကန်ရဲ့ ရင်းနှီးမြုတ်နှံမှုဟာ ဒေါ်လာ ၁၈၀ ဘီလီယံကျော်ရှိပပါတယ်။


မြောက်ကိုရီးယား စင်ကာပူ ဆက်ဆံရေး

မြောက်ကိုရီးယားနဲ့ စင်ကာပူတို့ရဲ့ ဆက်ဆံရေးဟာလည်း ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ မြောက်ကိုရီးယား သံရုံး ၄၇ ခု ရှိတဲ့အထဲမှာ စင်ကာပူနိုင်ငံလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၇၅ ခုနှစ်ထဲက ရရှိထားကြပြီး၊ မြောက်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံသားတို့ အတူတူလက်တွဲပြီး အလုပ်လုပ်ခဲ့ကြဖူးပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ၂၀၁၆ ခုနှစ်ထိ စင်ကာပူနိုင်ငံထဲကို တံခါးမရှိဓါးမရှိ ဗီဇာမလိုပဲ ဝင်ထွက်သွားလာနိုင်ကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံရေးပိတ်ဆို့မှု လုပ်ရန် ၂၀၁၇ ခုနှစ်မှာ အမေရိကန်နဲ့ ယူအန်တို့ရဲ့ ဖိအားပေးခြင်းခံခဲ့ရပေမယ့် ချစ်ကြည်ရေးမပျက်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

စင်ကာပူနိုင်ငံနဲ့ ပြုံယမ်းဟာ မိုင် ၃,၀၀၀ သာကွာဝေးတာမို့ ကင်ဂျုံအန်အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့တောင် အသွားအပြန် ဆီထပ်ဖြည့်စရာမလိုပဲ အလွယ်တစ်ကူ သမိုင်းတွင်မယ့် ထိပ်သီဆွေးနွေးပွဲကို တက်ရောက်နိုင်ပါတယ်။

ထရမ့်နဲ့ ကင်ဂျုံအန်တို့နှစ်ဦးဟာ နြူကလီးယားနဲ့ ပက်သက်တဲ့အစီစဉ်တွေကို ဦးစားပေးဆွေးနွေးကြမှာဖြစ်ပြီး အခုလိုတွေ့ဆုံမှုဟာ သူတို့နှစ်နိုင်ငံအတွက် သမိုင်းဝင်မယ့် ပထမဦးဆုံး တွေ့ဆုံဆွေးနွေးပွဲတစ်ခုလည်း ဖြစ်လာပါလိမ့်မည်။
 


11 May 2018     1,255 Views




RELATED

Most Popular of International News

Most Popular of NEWS