BEC-TERO TV

သေနတ်ကိုင်ဓါးပြတစ်ဦးအား တာဝန်ချိန်ပြင်ပမှ ရဲမေက ပစ်ခတ်ဖမ်းဆီး

14 May 2018     1,272 Views


ဘရာဇီးနိုင်ငံရှိ စာသင်ကျောင်းတစ်ကျောင်းရှေ့တွင် သေနတ်ကိုင်ကာ ကျောင်းသားကလေးနဲ့ မိဘများကို ခြိမ်းခြောက် ဓါးပြတိုက်ခဲ့သူကို တာဝန်ချိန်ပြင်ပမှာ ရှိနေတဲ့ရဲမေက သေနတ်နဲ့ ပစ်သတ်ခဲ့မှုတစ်ခု မေလ ၁၂ ရက် စနေနေ့က Sao Paulo မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။


စီစီတီဗီမှတ်တမ်းကို ပြန်ကြည့်ခဲ့ရာ အသက် ၂၁ နှစ်အရွယ် Elivelton Neves Moreira ဆိုသူက ပုဂ္ဂလိကကျောင်းတစ်ခုရှေ့တွင် ကျောင်းသားကလေးငယ်လေးများ ကြားထဲသို့ သေနတ်ကိုင်ကာဝင်ရောက်ပြီး လုယက်ရန် ကြိုးစားခဲ့သည်။


သေနတ်သမား ကံဆိုးသည်ဟု ဆိုရမည်။ စစ်တပ်ရဲအရာရှိ အသက် ၄၂ နှစ်အရွယ် Katia da Silva Sastre ဆိုသူ အမျိုးသမီးက သူ့ရဲ့နားရက်မှာ ကလေးများကို ကျောင်းမှာလာစောင့်စဉ် အဆိုပါ ဓါးပြမှုနဲ့ တည့်တည့်တိုးခဲ့ပြီး သူ့ရဲ့လွယ်အိတ်ထဲမှ သေနတ်ကို ထုတ်ကာ ရင်ဝကို သုံးချက်တိတိ ဆင့်ပစ်ခဲ့သည်။


သေနတ်သမားလည်း မထင်မှတ်ထားပဲ ပစ်ခံခဲ့ရတာကြောင့် လမ်းမပေါ် နောက်ပြန်လဲကျသွားခဲ့သည်။ သေနတ်သမားဟာ ဒဏ်ရာများနဲ့ ဆေးရုံပေါ်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။


ယခုကဲ့သို့ အလျှင်အမြန် တုံ့ပြန်ကာကွယ်ခဲ့တဲ့ ရဲအရာရှိ Katia da Silva Sastre ကိုတော့ တနင်္ဂနွေနေ့မှာ အဆိုပါ ကျောင်းမှာပဲ မိဘဆရာများက ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့သည်။
 


14 May 2018     1,272 Views




RELATED

Most Popular of Special or Others

Most Popular of NEWS