BEC-TERO TV

စူပါမန်းရဲ့ရည်းစား အသက် ၆၉ နှစ်အရွယ်တွင် ကွယ်လွန်

15 May 2018     1,533 Views


ကလေး၊ လူကြီး အားလုံးရဲ့ အသည်းစွဲရုပ်ရှင်ဇာတ်ကား ဖြစ်ခဲ့တဲ့ “Superman” ရုပ်ရှင်ထဲတွင် စူပါမန်းရဲ့ ချစ်သူရည်းစား ဒေးလီပလန်းနက်သတင်းစာတိုက်မှ သတင်းထောက်မလေးအဖြစ် သရုပ်ဆောင်ခဲ့သူ “Margot Kidder” ဟာ တနင်္ဂနွေနေ့က အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။


သူမရဲ့မန်နေဂျာဖြစ်သူပြောကြားချက်အရ အိမ်ပျော်နေရင်း ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Kidder ဟာ ဟောလိဝုဒ်က ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးမီ ၁၉၆၀ နှောင်းပိုင်းနဲ့ ၁၉၇၀ အစောပိုင်းကာလတွေထဲက ကနေဒါရုပ်ရှင်လောကမှာ ကျင်လည်ခဲ့သူပါ။ ဟောလိဝုဒ်ရဲ့ ဇာတ်ကားတွေဖြစ်တဲ့ “Sisters” “The Great Waldo Pepper” “The Amityville Horror” စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပေမယ့် စူပါမန်းဇာတ်ကားနဲ့မှ ပိုပြီးလူသိများ ထင်ရှားလာခဲ့ပါတယ်။


၁၉၇၈ က ရိုက်ကူးတဲ့ စူပါမန်းဇာတ်ကားမှာ ခံယူချက်ပြင်းပျတဲ့ ဂျာနယ်လစ်ဆရာမလေးအဖြစ် စူပါမန်း(ခရစ္စတိုဖာ ရိဖ်) နဲ့ တွဲဖက်သရုပ်ဆောင်ရာမှ ထင်ရှားလာပြီး စူပါမန်းရဲ့ နောက်ဆက်တွဲ ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်မှာ အာရုံကြောဝေဒနာခံစားနေရကြောင်း လူသိရှင်ကြား ကြေငြာခဲ့ပြီး သူ့ရဲ့အနုပညာလုပ်ငန်းတွေကို လျော့ပေါ့လုပ်ဆောင်ခဲ့ပါတယ်။ ဘရော့ဒ်ဝေးထုတ်လုပ်ရေးနဲ့ လက်တွဲပြီး ရုပ်ရှင်ကားအသေးလေးတွေမှာပဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
နောက်ပိုင်းကာလတွေမှာတော့ နိုင်ငံရေးနဲ့ပက်သက်ပြီး လှုပ်ရှားမှုတွေမှာသာ ဘဝကို မြုတ်နှံထားခဲ့ပါတယ်။

Kidder ဟာ မေလ ၁၃ ရက်နေ့ ညက မွန်တားနားက သူမရဲ့နေအိမ်မှာပဲ အိပ်ပျော်နေရင်း ကွယ်လွန်သွားခဲ့ပါတယ်။
အခုဆိုရင်တော့ စူပါမန်းဖြစ်တဲ့ “ခရစ္စတိုဖာရိဖ်”၊ စူပါမန်းရဲ့ ရည်းစားဖြစ်တဲ့ “ကစ်ဒါ” တို့နှစ်ဦးစလုံး ကွယ်လွန်သွားကြပါပြီ၊ ဒါပေမယ့် သူတို့ပါဝင်သရုပ်ဆောင်ထားတဲ့ “စူပါမန်း” ရုပ်ရှင်ဇာတ်ကားကတော့ ကမ္ဘာတည်သရွေ့ ရှင်သန်နေမှာ သေချာပါတယ်။

 


15 May 2018     1,533 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS