BEC-TERO TV

ဘတ်ငွေ ၈ သန်းနဲ့ တရုတ်လူမျိုး မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ

16 May 2018     1,283 Views


မေလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် တရုတ်နိုင်ငံသား ဘတ်ငွေ ၈ သန်းနှင့် အတူ ထိုင်းနယ်စပ်မှာ အဖမ်းဆီးခံလိုက်ရကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မယ်ပကျေးရွာတွင် စစ်ဆေးရေးဂိတ်ကနေ မြန်မာနိုင်ငံဘက်ကိုဝင်ရောက်မယ့် ကားတစီးကို ရဲများက စစ်ဆေးကြည့်ရာ ထိုင်းဘတ်ငွေ ၈ သန်း တွေ့ ရှိခဲ့သည် ။ ထိုရာတွင် ကားပေါ်မှ လိုက်ပါလာသော တရုတ်နိုင်ငံသား လီကြာဝမ် အသက် ၂၅ နှစ် နဲ့ ကားမောင်းသူ မောင်ရင် အသက် ၃၂ တို့ဟာ နှစ်ဦးထွက်ဆိုချက်တွေ လွဲနေလို့ မင်္သကာဖြစ်ပြီး ဖမ်းဆီးထားကြောင်း သိရသည် ။
 
 
ကားမောင်းသူ မောင်ရင်သည် ချင်းမိုင်အတွင်း နေထိုင်သူဖြစ်သည်ဟု သိရပြီး တရုတ်နိုင်ငံသားကတော့ မြန်မာနိုင်ငံက နယ်ခြားစောင့်တပ်တွေစိုးမိုးထားတဲ့နယ်မြေမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် သွားသည်ဟု သိရသည် ။
 
 
ထိုင်းရဲများက မောင်ရင် နှင့် တရုတ်နိုင်ငံသား လီကြာဝမ်ကို ရဲစခန်းတွင် ထိန်းချုပ်ထားပြီး ထိုင်းအာဏာပိုင်တွေက လီကြဝမ်ရဲ့ ရာဇဝင်ကို အတိအကြသိရအောင် သူ့ ရဲ့အချက်အလက်တွေ တရုတ်သံရုံးသို့ ပေးပို့ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ် ။

16 May 2018     1,283 Views




RELATED

Most Popular of Special or Others

Most Popular of NEWS