BEC-TERO TV

ချစ်လို့ဝယ်မွေးခဲ့တဲ့ ခွေးလေး (၂) နှစ်အကြာမှ ဝက်ဝံကြီးဖြစ်နေ

16 May 2018     1,330 Views


တရုပ်နိုင်ငံ ယူနန်မှ မိသားစုတစ်စုက ချစ်လွန်းလို့ ခွေး ဝယ်မွေးခဲ့ရာမှ ၂ နှစ်အကြာတွင် ခွေးမဟုတ်ပဲ ဝက်ဝံကြီးတစ်ကောင်းဖြစ်နေတာကို အံ့အားသင့်စွာ ကြုံတွေ့ခဲ့ရပါတယ်။


သူတို့မိသားစုဟာ ၂၀၁၆ ခုနှစ် ခရီးတစ်ခုကိုသွားခဲ့စဉ်က လမ်းဘေးတွင် ခွေးလေးတစ်ကောင် ရောင်းချနေသည်ကို တွေ့ခဲ့ရသည်။ ရောင်းသူက တိဘတ်အိမ်စောင့်ခွေးကြီးတစ်မျိုးဖြစ်ကြောင်း ပြောဆိုသဖြင့် ခွေးလေးကို ဝယ်ခဲ့ကြသည်။


အိမ်မှာ မွေးခဲ့ပြီးနောက် ခွေးက တစ်စထက် တစ်စ ပိုပိုကြီးထွားလာခဲ့ပြီး အစားအသောက်ဆိုရင်လဲ တစ်နေ့ကို သစ်သီးတစ်ပုံးနဲ့ ခေါက်ဆွဲ ၂ ပုံးလောက် စားသဖြင့် ပိုင်ရှင်က ခွေးမှ ဟုတ်ရဲ့လားလို့ တစ်ဖြည်းဖြည်းနဲ့ သံသဝင်လာခဲ့သည်။


နှစ်နှစ်လောက်အကြာမှာတော့ သူမွေးခဲ့တဲ့ ခွေးဟာ ဝက်ဝံကြီးတစ်ကောင် ဖြစ်နေကြောင်း သတိထားမိခဲ့ပြီး အာဏာပိုင်များကို အကြောင်းကြားခဲ့ရသည်။ ခွေးအမှတ်နဲ့ သံယောဇဉ်ဖြစ်ခဲ့ရတဲ့ ဝက်ဝံနက်ကြီးကို ယူနန်တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့မှ ခေါ်ဆောင်သွားခဲ့သည်။
 


16 May 2018     1,330 Views




RELATED

Most Popular of Special or Others

Most Popular of NEWS