BEC-TERO TV

မိန်းကလေးမှ ရည်းစားစကားပြောခြင်းကို လက်မခံသဖြင့် ဓားနှင့်ထိုးသတ်မှုဖြစ်ပွား

16 May 2018     1,293 Views


မေလ ၁၅ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန်တွင် အမျိုးသမီးတဦး ဓားဖြင့်အချက်ပေါင်းများစွာ အထိုးသတ်ခံရပြီး သေဆုံသွားခဲ့ရကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ မသန်းအေးကြည် အသက် ၃၀ နှစ်သည် မန်ကျည်းကန်ရွာ မြင်းမှုမြို့ နယ်တွင် နေထိုင်သူဖြစ်ပြီး မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက် (၇၈) လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ ဆောက်လုပ်ရေးလိုင်းခန်းတွင် အလုပ်လုပ်နေသူဖြစ်သည် ။ မသန်းအေးကြည်အား ချစ်ကြိုက်နေသူ မျိုးနိုင်ဝင်းရောက်လာပြီး ချစ်ကြိုက်စကားခဏခဏလာပြီး ပြေဆိုနေသဖြင့် မသန်းအေးကြည်မှ လက်မခံနိုင်ကြောင်းငြင်းဆိုခဲ့သည် ။
 
 
ထိုရာတွင် မျိုးနိုင်ဝင်းမှ အသင့်ပါလာသော ဓားဖြင့် မသန်းအေးကြည်အားထိုးရာ ရင်ဘတ်ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာဝမ်းဗိုက်ဘေး ထိုးသွင်ဒဏ်ရာ(၁)ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက်၊ဝဲဘက်လက်မောင်း ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာလက်မောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲပုခုံးထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ပြီး နေရာတွင်ပင်သေဆုံးသွားခဲ့သည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲစခန်းမှ (ပ)၃၅၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် မျိုးနိုင်ဝင်းအား ၎င်းဇာတိဖြစ်သော မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာသို့ လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

16 May 2018     1,293 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS