BEC-TERO TV

မိဘသဘောမတူသဖြင့် လိင်တူချစ်သူနှစ်ဦး အဆိပ်သောက်သေ

16 May 2018     1,261 Views


မေလ ၁၅ ရက်နေ့တွင် မြင်ခြံတောင်သာမြို့ နေ Gay ချစ်သူနှစ်နှစ်ဦးအတူတူနေထိုင်နေသည်ကို မိဘများကသဘောမတူသဖြင့် ချစ်သူစုံတွဲ အဆိပ်သောက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့သည် ။
 
ဖြစ်စဉ်မှာ Gay အသက် ၂၀ နဲ့ ကောင်းလေး ၁၇ နှစ်တို့ တစ်ဦးနှင့်တစ်ဦး ချစ်ကျွမ်းဝင်ပြီး ၃ လကျော် အတူ ပေါင်းသင်းနေထိုင်ခဲ့ကြသည် ။ မိသားစုများက အတူတူမနေထိုင်ရန် သူတို့နှစ်ယောက်ကို ခွဲသဖြင့် ချစ်သူ ၂ ဦး ပဲစင်းငုံခင်းကိုဖြန်းတဲ့ ပိုးသတ်ဆေးသောက်ပြီး နှစ်ယောက်သား အဆုံးစီရင်ခဲ့ကြသည် ။
 
 
Facebook ပေါ်တွင် Harry LV Naing ၏ရေးသားချက်များအရ " ဘယ်​လိုအခက်​ခဲ​တွေပဲကြုံလာကြုံလာ ဒီလိုနည်း​နဲ့မ​ဖြေရှင်းကြဖို့တိုက်​တွန်း​ပါရ​စေ။ မြင်းခြံ ​တောင်​သာမြို့​နေGay (အသက်၂၀) နဲ့ ကောင်လေး (၁၇) နှစ် ချစ်​သူနှစ်​​ယောက်​ ချစ်​ကျွမ်းဝင်​ပြီး ပေါင်းသင်းနေထိုင်ကြတာ  ၃ လကျော်ပီ။ ကောင်လေးက ပန်းရံလုပ်​ပြီး  gay​လေးက မိတ်ကပ်လိမ်းတယ်။  ချစ်​သူနှစ်​​ယောက်​တ​ယောက်​နဲ့တ​ယောက်​အပြန်​အလှန်​လုပ်​​ကျွေးပြီးအတူတူ​နေကြတယ်​။  Gay​လေးရဲ့အိမ်မှာအတူနေကြတယ်​။
 
သူတို့ချစ်​သူနှစ်​​ယောက်​ ကို  Gay​လေးရဲ့ မိသားစုက အကိုနဲ့ အမေကခွဲကြတယ်။ gay​လေးက  ဒီမနက်ပဲ(15.5.2018) တောင်သာရဲစခန်းမှာ  သူတို့ကို မခွဲဖို့ အိမ်ခွဲပီး အတူတူနေဖို့ကို သွားရောက်အကူအညီတောင်းခံခဲ့ရှာတယ်။ သူ့အကိုကိုကြောက်လို့ ၊ သူ့အကိုက သူတို့ကိုခွဲမှာစိုးလို့ ။ ရဲစခန်းက မိသားစုကိစ္စမို့  ဆောင်ရွက်မပေးလိုက်ဘူး​ပေါ့ဗျာ။ Gay​လေးရဲ့အိမ်ကတော့  အတူမနေဖို့ ထပ်​ခွဲကြတယ်။
 
 
ဒီနေ့ နေ့လည် မှာပဲ ချစ်​သူ၂ယောက် ပဲစင်းငုံယာခင်းနံဘေး​လေးမှာ ပဲစင်းငုံခင်းကိုဖြန်းတဲ့ ပိုးသတ်ဆေး သောက်​ပီး နှစ်​​ယောက်​သား အဆုံးစီရင်​ကြသတဲ့  မသေခင် ရင်တွေပူတာမခံစားနိုင်လို့  ကောင်လေးက သူ့သူငယ်ချင်းတွေကိုဖုန်းဆက်ခေါ်တယ်။ ကောင်လေးသူငယ်ချင်းတွေက ၂ယောက်လုံးကို သိသိချင်း​ဆေးရုံတင်ပေမဲ့  Gay​လေးက အခု​တော့ဆုံးသွားပီတဲ့ဗျာ။
 
ကောင်လေးက ခုထိသတိမလည် သလို သွေးပေါင်တောင်တိုင်းမရပါဘူး။  ကောင်လေး က တောင်သာ မိုးနှောင်းခင်ကဆိုတော့ သူ့အမေကခုမှဆေးရုံရောက်လာပီး  သားကိုမြင်​​တော့ တက်သွားတယ်။  ဒါ​ပေမဲ့ အခု ​လေးတင်​ပဲ  ​ကောင်​​လေးလဲ ဆုံးသွားရှာပြီတဲ့ဗျာ။ နောက်​ဘဝများရှိခဲ့ရင်​  ဒီလိုအဖြစ်​ဆိုးမျိုးနဲ့ကင်း​​ဝေးပါ​စေ။ " ဟု ရေးသားထားပါတယ် ။
 
Source : Harry LV Naing

16 May 2018     1,261 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS