BEC-TERO TV

ကျောင်းဆရာမကို ရက်ရက်စက်စက်ထိုးသတ်တဲ့ တရားခံလွတ်မြောက်နေ

17 May 2018     1,329 Views


မေလ ၁၆ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန်တွင် မော်လမြိုင်မြို့ အမှတ် ၄ တည်းခိုရေးရှေ့ မှာ ကျောင်းဆရာမအမျိုးသမီးတစ်ဦးကို ရက်စက်စွာ ဓါးနဲ့ထိုးသတ်သွားသည်ဟု သိရသည် ။
 
 
ဖြစ်စဉ်မှာ ကျောင်းဆရာမနှင့် ကွာရှင်းထားသော ယောကျာင်္း ဖြစ်သူမှ ဆိုင်ကယ်ချင်းကပ်လာပြီး ဓါးဖြင့် ထိုးကာ ထွက်ပြေးသွားသည်ဟု သိရပါသည် ။ ဓါးထိုးခံရမှုကြောင့် အဆိုပါ ကျောင်းဆရာမဆိုသူမှာ ဝဲဘက်ရင်အုံ ၂ ချက် လက်မောင်းထိုးသွင်း ဒဏ်ရာတစ်ချက်တို့ရရှိပြီးသေဆုံးသွားခဲ့ပါသည် ။
 
 
သေဆုံးသူမှာ မြိုင်သာယာ ၂၁ လမ်းနေ အသက် ၃၂ နှစ်အရွယ်ရှိ မစုစုမြဆိုသူ ကျောင်းဆရာမ တစ်ဦးဟုသိရပါသည် ။ ယခင်ကလည်း ကွာရှင်းထားသော ယောကျာင်္းက အမြဲတမ်း လိုက်လံနှောင့်ယှက်နေသည်ဟု သေဆုံးသူဆရာမ၏ သူငယ်ချင်းများပြောပြချက်အရ သိရသည် ။
 
 
ကျောင်းဆရာမ၏အလောင်းကို မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ မှ အခင်းဖြစ်နေရာမှ ဆေရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးမှတဆင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင် ပေးခဲ့ပါသည် ။ လူသတ်မှုတရားခံ ကျော်ပိုင် ၃၀ နှစ်မှာထွက်ပြေးလွတ်မြောက်နေပြီး တွေ့ ရှိပါက သိုမဟုတ် သတင်းရရှိပါက နီးစပ်ရာ ရဲစခန်းတိုင်း နှင့် မုပွန်နယ်မြေရဲစခန်းနယ်ထိန်းခေါင်းဆောင် ဖုန်း- ၀၉၄၃၀၁၅၇၈၅ သို့အကြောင်းကြား ကူညီပေးနိုင်ပါသည် ။

17 May 2018     1,329 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS