BEC-TERO TV

အဓ္ဓမပြုကျင့်ပြီး ထွက်ပြေးသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

17 May 2018     1,284 Views


မေလ ၁၅ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးတွင် အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲအဓမ္မပြုကျင့်ပြီး တရာခံမှာ ထွက်ပြေးသွားခဲ့သည် ။
 
ယင်းနောက် အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းအရ မြို့သစ်မြို့မရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေဖမ်းဆီးရာ တရာခံမောင်ဌေးအောင်အား မေလ ၁၆ ရက်နေ့နံနက် ၅ နာရီခန့်အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ မ--------အသက် ၁၈ နှစ် သည် နေအိမ်မှ ရွာ၏မြောက်ဘက်(၅)ဖာလုံခန့် အကွာ မြောက်စမ်းပြင်တဲတိုက်ရှိ ဦးလေးဖြစ်သူ ဦးခိုင်ဆင့် အသက်၄၃နှစ်၏ နေအိမ်တဲတိုက်သို့ အလည်သွားရောက်ရာ ရွာမြောက်ပိုင်းရှိ ဒေါ်မြဝင်းကြည်၏ အိမ်ရှေ့အရောက်တွင် ဌေးအောင် အသက် ၂၂နှစ်( ဘ) ဦးမြင့်ဆွေ လေးထန်းပင်တဲတိုက်/လေးတိုင်စင်ကျေးရွာအုပ်စု ၊မြို့သစ်မြို့နယ်နေသူသည် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာပြီး မ----------အနားအရောက် မ---------၏ပါးစပ်အားပိတ်ပြီး ရွာအရှေ့ဘက်ရှိတစ်ရွာတည်း နေဦးကျော်ဝေ၏ ယာကွက်ထဲသို့ ဆွဲခေါ်သွားပြီး မ-----------အား တွန်းလှဲကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခြဲပီး ၄င်းနေထိုင်ရာ လေးထန်းပင်တဲတိုက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု Mizzima သတင်းဌာနတွင်ရေးသားဖော်ပြထားပါသည် ။
 
အဓမ္မပြုကျင့်သူ ဌေးအောင်အား မြို့သစ်မြို့မရဲစခန်းတွင် (ပ)၁၈၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

17 May 2018     1,284 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS