BEC-TERO TV

တစ်သောင်းတန် ငွေစက္ကူအတု သိန်းတစ်ရာကျော် ဖမ်းမိ

17 May 2018     1,447 Views


မေလ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်အချိန်တွင် ငွေစက္ကူအတု ကျပ်တစ်သောင်းတန် ၁၀၃၅ ရွက်ကို ပခုက္ကူမြို့မှ နေအိမ်တစ်ခုတွင် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည် ။
 
 
ဖြစ်စဉ်မှာ မကွေးမှုခင်းရဲတပ်ဖွဲ့ များက ဦးဆောင်ပြီး  ဦးကိုလေး (သီးနှံပွဲစား)၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ပြီး အဆိုပါနေအိမ်တွင် ကျော်ဟိန်း (၃၇ နှစ်) ကုန်ကားမောင်း၊ တောင်ခင်ရန်းကျေးရွာ ဂန့်ဂေါမြို့ နေထိုင် သူအား တွေ့ရသည် ။
 
 
ရဲများက နေအိမ်အနောက် ဘက် ၊ အိမ်သာနှင့်ခြံစည်းရိုးအုတ်နံရံကြားတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ကျပ်တစ်သောင်း ငွေစက္ကူအတု ၁၀၃၅ ရွက်ကို ရဲများကသိမ်းဆည်းရမိခဲ့သည် ။
 
 
တရားခံ ကျော်ဟိန်း နှင့် အိမ်ရှင် ဦးကိုလေးတို့ကို ပခုက္ကူမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

17 May 2018     1,447 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS