BEC-TERO TV

မူးယစ်ဆေးဝါးပြဿနာကြောင့် လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

18 May 2018     1,245 Views


မေလ ၁၇ ရက်နေ့တွင် မိုးကုတ်မြို့ နယ် စိန်အင်းကျေးရွာအနီး မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တောထဲတွင် လူလေးဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ ရှိခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ အသတ်ခံရသူများသည် မူးယစ်ဆေးဝါးပြဿနာကြောင့် အသတ်ခံရသည်ဟု ရွာထဲတွင် သတင်းများထွက်ပေါ်နေသော်လည်း ဖြစ်ရပ်မှန်ကို မသိရသေးဘူးဟု တာဝန်ရှိသူများကပြောပါသည် ။ သေဆုံးသူများသည် အ သက်(၄၉)နှစ်အရွယ် အမျိုးသား တစ်ဦး၊ (၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၁၅)နှစ်အရွယ် ယောက်ျားလေးနှင့် (၁၀)နှစ်အ ရွယ် မိန်းကလေးတို့ဖြစ်ကြောင်း သိရသည် ။
 
 
‘‘အသေးစိတ်တော့ မသိရ သေးဘူး။ မြို့နယ်မှူးကို ဦးတို့ မေးကြည့်တော့လည်း တိတိကျ ကျမပြောဘူး။ ဘာမှကို ထုတ် ပြန်မပေးသေးတာ။ အသတ်ခံရ တဲ့ မိသားစုဝင်လေးယောက်က တောထဲမှာနေတာ။ လေးယောက်စလုံး အသတ်ခံရတော့ ရွာမှာနေတဲ့ သမီးတစ်ယောက်ပဲ ကျန် တယ်။ မြို့နဲ့လည်းဝေးတယ်’’ဟု 7days သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်ပွားရသည့်အကြောင်းအရင်းကို ရဲများက စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည် ။

18 May 2018     1,245 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS