BEC-TERO TV

လူပုံလယ်ကလေးနို့တိုက်ကာ ဆန္ဒပြသူအမျိုးသမီး ထိန်းသိမ်းခံရ

21 May 2018     1,451 Views


အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဗာတီကန်မြို့ရှိ လမ်းမပေါ်တွင် အပေါ်ပိုင်းအဝတ်ဗလာနဲ့ လူမြင်ကွင်းတွင် ကလေးနို့တိုက်နေစဉ် ရဲအဖွဲ့က လာရောက်ခေါ်ဆောင်ထိန်းသိမ်းခဲ့သည်။

ဆန္ဒပြသူ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အမျိုးသမီးအရေး လှုပ်ရှားမှဒအဖွဲ့ Femen မှ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မိခင်များအနေနဲ့ ကိုယ့်ရဲ့ကလေးကို အချိန်နေရာမရွေး နို့တိုက်ကျွေးနိုင်သော အခွင့်အရေး မိခင်များအနေနဲ့ ရရှိသင့်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် သတိထားမိစေရန် ရည်ရွယ်တာဖြစ်တယ်လို့ Femen အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

စတင်ဆန္ဒပြပြီး သိပ်မကြာခင်မှာ ရဲတွေရောက်လာခဲ့တာကြောင့် အကြာကြီးဆန္ဒထုတ်ဖော်ခွင့်မရလိုက်ပါဘူး။ ဆန္ဒပြသူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ “Alma Mater” ဆိုတဲ့ စာတန်းကို ဆေးနဲ့ရေးထားပြီး လက်တင်လိုတော့ “မိခင်နို့တိုက်ခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။

အမျိုးသမီးရဲ့ ဆန္ဒထုတ်ဖော်မှုနဲ့ ပက်သက်ပြီး လူတွေကြားမှာ အမြင်မတူညီတဲ့ တုံ့ပြန်မှုတွေ ရှိခဲ့ပါတယ်။
ဆန္ဒပြတာကို ထိမ်းသိမ်းခံခဲ့ရတာနဲ့ ပက်သက်ပြီး Femen အဖွဲ့သားများက FEMEN အဖွဲ့ဝင် အမျိုးသမီးတွေဟာ လူသားဆန်တဲ့ လုပ်ငန်းတွေလုပ်ဆောင်ဖို့ ကိုယ်ကာယနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံခိုင်မှုရှိအောင် လေ့ကျင့်ထားတဲ့သူတွေဖြစ်လို့ ဘယ်လိုအခြေအနေ အဆင့်တန်းမျိုးကိုမဆို လုပ်ဆောင်နိုင်သူတွေဖြစ်ပြီး FEMEN ဟာ အမျိုးသမီးထုအတွက် အထူးတပ်ဖွဲ့ဖြစ်တယ်လို့ သူတို့ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။
 


21 May 2018     1,451 Views




RELATED

Most Popular of Special or Others

Most Popular of NEWS