BEC-TERO TV

ကလေး ၄ ယောက်မိခင် မုဆိုးမအနှိပ်စက်ခံရမှုဖြင့် သေဆုံး

22 May 2018     15,448 Views


မေလ ၁၉ ရက်နေ့တွင် အိမ်ရှင်၏ နှိပ်စက်မှုကြောင့် အိမ်ဖော်အဖြစ်လုပ်ကိုင်နေသည့် ကလေး ၄ ယောက်မိခင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ တွံတေးမြို့ နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာနေ မခင်စန္ဒာနန်းဦးသည်  ဒေါ်သိဂိစုဆိုသူအိမ်တွင် အိမ်ဖော်အဖြစ် အလုပ်လုပ်နေသူဖြစ်သည် ။ မေလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ဒေါ်သိဂိစုက မခင်စန္ဒာနန်းဦးနေအိမ်သို့ မခင်စန္ဒာနန်းဦးကို သွားရောက်ပို့ဆောင်ခဲ့ပြီး မကြာခင်မှာပင် မခင်စန္ဒာနန်းဦးမှာသေဆုံးသွားခဲ့သည် ။  မခင်စန္ဒာနန်းဦးက သူမသေဆုံးခင်လေးမှာ ဒေါ်သိင်္ဂိစုက ကျောက်ပြင်နဲ့ထုတယ်။ နှိပ်စက်တယ်လို့ပြောဆိုရင်း ခဏအကြာမှာ သေသွားခဲ့သည်ဟု သိရသည် ။ ဆရာဝန်၏စစ်ဆေးချက်များအရ ခန္ဒာကိုယ်အနှံ့အပြားမှာ ဒဏ်ရာများတွေ့ ရှိရပြီး ရိုးရိုးသေတာမဟုတ်ဘူးလို့ ပြောပါသည် ။
 
 
" သေဆုံးသူ မခင်စန္ဒာနန်းဦးသည် ကလေး ၄ ယောက်မိခင် မုဆိုးမတစ်ဦးဖြစ်ပြီး စီးပွားရေးမပြေလည်မှုကြောင့် လွန်ခဲ့သည့် ၆ လခန့်က လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေ အရာရှိတစ်ဦး၏နေအိမ်တွင်အိမ်ဖော်အဖြစ် လုပ်ကိုင်နေခဲ့ရင်း နေအိမ်ကိုထောက်ပံ့ပေးနေသူဟု " အကုန်​သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
အဆိုပါ မခင်စန္ဒာနန်းဦးသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာရှိလူကြီးများက လူသတ်မှုဖြင့် ခလောက်ချိုက်နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသော အရာရှိကတော်ဒေါ်သိင်္ဂိစုအား ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ထန်းတပင်တိုးဂိတ်တွင် ထိန်းသိမ်းကာ အမှုကို တွံတေးမြို့နယ်မှူးကိုယ်တိုင် ကိုင်တွယ်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
 
 
Source : Dr Kyaw Zin Oo

22 May 2018     15,448 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS