BEC-TERO TV

ကျပ်သိန်းပေါင်း ကိုးထောင့်ခြောက်ရာကျော် တန်ဖိုးရှိဘိန်းစိမ်းများနမ့်စန်တွင် ဖမ်းဆီးရမိ

25 May 2018     1,335 Views


မေလ ၂၄ ရက်နေ့ နံနက်ခင်းပိုင်းတွင် လူ ၇ ဦးမှ မော်တော်ယာဉ် နှစ်စီးဖြင့် တင်ဆောင်လာသည့် ဘိန်းစိမ်းများအား တပ်မတော်သားများက စစ်ဆေးဖမ်းမိခဲ့ကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင်များနှင့် နမ့်စန်တပ်နယ်မှ တပ်မတော်သားများ ပူးပေါင်းပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် နောင်စန့်ကျေးရွာဘက်မှ မောင်းနှင်းလာသော မော်တော်ယာဉ်နှစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဘိန်းစိမ်းများ သိမ်းဆည်းရမိခဲ့သည် ။ ယာဉ်များမှာ ဟိုင်းလပ်ယာဉ်နှင့် ဗီဂိုအမျိုးအစား မော်တော်ယာဉ်များ ဖြစ်ကြသည် ။
 
 
အဆိုပါ ယာဉ်များပေါ်တွင် ဘိန်းစိမ်း စုစုပေါင်း ကီလို(၇၈၀)နှင့် ကျပ်သိန်းပေါင်း(၁၃၀၀)ကျော် တန်ဖိုးရှိ ဘိန်းညိုခဲများကို သိမ်းဆည်းရမိသည့်အပြင် ဗီဂိုအမျိုးအစား မော်တော်ယာဉ်ပေါ်က ဘိန်းစိမ်း စုစုပေါင်း ကီလို(၆၀၀)တို့အား သိမ်းဆည်းရမိခဲ့သည် ။
 
 
ယာဉ်နှစ်စီးမှ ယာဉ်မောင်းနှစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးတို့အား ဖမ်းဆီးရမိရေးအဖွဲ့ က ရဲတပ်ဖွဲ့ သို့ လွဲပြောင်းပေးလိုက်ပြီး ရဲများက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

25 May 2018     1,335 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS