BEC-TERO TV

အောင်လအန်ဆန်းပွဲ စိန်ခေါ်သူပြောင်းလဲ

25 May 2018     1,577 Views


လာမည့် ဇွန်လ ၂၉ ရက်နေ့ သုဝဏ္ဏအားကစားရုံတွင် ယှဉ်ပြိုင်ထိုးသတ်မည့် ONE Championship မစ်ဒယ်ဝိတ်ချံပီယံပွဲတွင် အောင်လအန်ဆန်းနှင့် ယှဉ်ပြိုင်မည့် ကစားသမားပြောင်းလဲခဲ့ပြီး အတည်ဖြစ်ပြီ ဖြစ်ကြောင်း ONE Championship က ဖော်ပြထားသည်။

လွန်ခဲ့သော ရက်ပိုင်းအထိ ဘရာဇီးနိုင်ငံမှ ဂျူဂျစ်စုချံပီယံ “လန်ဒရိုအက်ဒီတက်” နဲ့ ယှဉ်ပြိုင်ရမည်ဟု သတင်းများထွက်ပေါ်ခဲ့သလို အောင်လအန်ဆန်း ကိုယ်တိုင်လည်း လူမှုကွန်ယက်တွင် ဖော်ပြထားခဲ့သည်။

မေလ ၂၄ ရက်နေ့မှာတော့ အောင်လအန်ဆန်းနဲ့ ယှဉ်ပြိုင်မည့် ကစားသမားမှာ ဂျပန်နိုင်ငံက “Ken Hasegawa” ဖြစ်ကြောင်း အတည်ဖြစ်ကာ One Championship စာမျက်နှာတွင် ကြေညာခဲ့သည်။


အောင်လအန်ဆန်းရဲ့ ပြိုင်ဘက်ဖြစ်လာမည့် “Ken Hasegawa” က အသက် (၃၁)နှစ်ရှိပြီဖြစ်ပြီး လက်ရှိမှတ်တမ်းအရ အနိုင် (၁၆)၊ အရှုံး (၂) နဲ့ သရေ (၁)ပွဲ ရှိထားသူဖြစ်ပါတယ်။ အနိုင် ၁၆ ပွဲမှာ  ၆ ပွဲ အလဲထိုး၊ ၄ ပွဲဒိုင်ရပ်နဲ့ ၆ ပွဲက အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်လောက်က MMA လောကထဲကို ရောက်လာခဲ့ပြီး မည်သည့်အဖွဲ့အစည်းအောက်မှာမှ ရှိမနေခဲ့ပဲ လွပ်လပ်တဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ အခုယှဉ်ပြိုင်မယ့်ပွဲကတော့ ONE Championship နဲ့ ဗွေစော်ဦးပွဲဖြစ်ပြီး မစ်ဒ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုတို့ရဲ့ ချံပီယံ “အောလအန်ဆန်း” ကို စိန်ခေါ်ယှဉ်ပြိုင်တာဖြစ်ပါတယ်။

ရှစ်နှစ်လောက် ဒီလောကထဲမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ ဘယ်လိုအရာကမှ ကျွန်တော်ကို ရင်မခုန်စေတော့ပါဘူး၊ ဘာကြီးပဲလာလာ မမှုပါဘူး

ကျွန်တော့ရဲ့ အစွမ်းအစတွေကို ONE Championship မှာ ပြသခွင့်ရတာကို ဂုဏ်ယူဝမ်းသာပါတယ်” လို့ Ken Hasegawa က ဆိုပါတယ်။


မြန်မာတို့ရဲ့ အသည်းကျော် (မြန်မာ့စပါးအုံး) အောင်လအန်ဆန်းက အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး အနိုင် ၂၂၊ အရှုံး ၁၀ နဲ့ သရေပွဲမရှိ မစ်ဒ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း နှစ်ခုတို့ရဲ့ ချံပီယံတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ဒီပွဲမှာ မစ်ဒယ်ဝိတ်တန်း ချံပီယံခါးပတ်ကို “အောင်လအန်ဆန်း” ဘယ်လိုကာကွယ်သွားမလဲဆိုတာကို သုဝဏ္ဏကွင်းထဲမှာ ကိုယ်တိုင်အားပေးချင်သူတွေအတွက် လက်မှတ်တွေလည်း ကြိုတင်ဝယ်ယူလို့ ရနေပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

လက်မှတ်များကို “My Asia Ticket” တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေသံလွင်ကွန်ဒို၊ အခန်းအမှတ် (၇၀၃) ၊ ဖုန်းနံပါတ် ၀၁ ၅၄၉၂၉၇ တွင် ဆက်သွယ်ဝယ်ယူနိုင်ကြပါပြီ။


>> အွန်လိုင်းမှ တစ်ဆင့် လက်မှတ်ဝယ်ယူလိုပါက ဤနေရာကို နှိပ်ပါ <<
 


25 May 2018     1,577 Views




RELATED

Most Popular of Boxing

Most Popular of Sport