BEC-TERO TV

ကွာရှင်းရန်တောင်းဆိုတဲ့ဇနီးကို ခင်ပွန်းက ဓားဖြင့်ခုတ်သတ်

25 May 2018     1,255 Views


မေလ ၂၃ ရက် နံနက် ၅ နာရီခွဲခန့်အချိန် ကျောက်တော်မြို့ နယ် ရွာမပြင်ကျေးရွာတွင် နေအိမ်မှဆင်းရန်ပြုလုပ်သည့် ဇနီးဖြစ်သူကို ခင်းပွန်းက ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။
 
ဖြစ်စဉ်မှာ ဇနီးဖြစ်သူ ဒေါ်ဦးသန်းနွယ် ၄၉ နှစ်မှ ကွာရှင်းရန် ခင်ပွန်းဖြစ်သူ ဦးအောင်တင်ဝင်း ၅၁ နှစ်ကို တောင်းဆိုခဲ့ရာ ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်မပေးသဖြင့် နေအိမ်မှဆင်းရန်ပြုလုပ်သည့် ဇနီးဖြစ်သူကို တားဆီးရာမှ လင်မယားချင်း စကားများကာ ခင်ပွန်းက အရိုးအသွား ၃ ပေခန့်ရှိ ဓားဦးချွန်ဖြင့် ခုတ်သတ်ခဲ့ကြောင်းသိရသည် ။
 
" ဇနီးဖြစ်သူဒေါ်ဦးသန်းနွယ်သည် လွန်ခဲ့သော ၁ လခန့်က ၎င်းနေထိုင်ရာကျေးရွာ၌ လူမှုရေးအရှုပ် အရှင်း သတင်းထွက်လျက်ရှိပြီး ကွာရှင်းခွင့် တောင်းခဲ့မှုကို ဦးအောင်တင်ဝင်က မပေးခဲ့သဖြင့် မေလ ၂၃ ရက်တွင် ဒေါ်ဦးသန်းနွယ်မှ အထုပ်အပိုးများပြင်ဆင်၍ နေအိမ်မှဆင်းသွားရန်ပြုလုပ်နေသဖြင့် ဦးအောင်တင်ဝင်းမှ တားဆီး ဖျောင်းဖျပြောဆိုခဲ့သော်လည်း ဒေါ်ဦးသန်းနွယ်မှ လက်မခံသဖြင့် လင်မယားချင်းစကားများရာ ဦးအောင်တင်ဝင်းမှ စိတ်မထိန်းနိုင်ဘဲ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း "ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သမီးဖြစ်သူမှ တရားလိုလုပ် တိုင်တန်းသဖြင့် ဦးအောင်တင်ဝင်းအား ကျောက်တော်မြို့ မရဲစခန်းက ( ပ ) ၆၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည် ။

25 May 2018     1,255 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS